ပါကစ္စတန်ကားဗုံး လူ ၂၀ ထက်မနည်း သေ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ရဲဌာန အဆောက်အဦးတခု အားပြင်းတဲ့ ကားဗုံးခွဲ တိုက်ခိုက်ခံရလို့ လူအနည်းဆုံး အယောက် ၂၀ သေဆုံးသွားပြီး နောက်ထပ် အယောက် ၅၀ ကျော် ဒဏ်ရာရသွားပါတယ်။

ခိုင်ဘာ-ပတ်ရှ်တွန်ခွါပြည်နယ် ကိုဟတ်မြို့မှာ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို ဘယ်သူကမှ သူတို့လုပ်ဆောင်တာပါလို့ မပြောလာသေးပါဘူး။

ရာမာဒန် ဥပုသ်လအတွင်း မွတ်စလင်တွေ ဥပုသ်ထွက်တဲ့ အချိန်မှာ ဖောက်ခွဲရေးပစ္စည်း ၃၀၀ ကီလိုဂရမ်လောက် တင်ဆောက်ထားတဲ့ ပစ်ကပ်ကားကို စစ်သွေးကြွလို့ သံသယဖြစ်ရသူတွေက ဖောက်ခွဲပစ်ခဲ့တာလို့ ပြည်နယ်ရဲချုပ် Fayyaz Tooru က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား ပျက်စီး ပြိုပျက်ခဲ့ရပြီး အမျိုးသမီးတွေ၊ ကလေးတွေ အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ရပါတယ်။ ရဲ ၃ ဦး မကလည်း သေဆုံးသွားပါတယ်။

အနီးက ဟန်ဂူမြို့မှာလည်း အင်္ဂါနေ့ကပဲ ကင်းလှည့်နေတဲ့ ရဲကား လမ်းဘေးထောင်ဗုံးကို နင်းမိလို့ ရဲတပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရသွားကြပါတယ်။