ပါကစ္စတန် အစ္စလာမ်မစ် ခေါင်းဆောင်တွေကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ရုံးတင်မည်

ပါကစ္စတန် ဘာသာရေးအစွန်းရောက်Tehreek-l-Labik ပါတီ ခေါင်းဆောင် Khadim Hussain Rizv

ပါကစ္စတန်နိုင်ငံမှာ နိုင်ငံတော်ဆန့်ကျင်ရေးလှုံ့ဆော်မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုတွေကြောင့် ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အစ္စလာမ်မစ်ပါတီခေါင်းဆောင်နဲ့ တက်ကြွလှုပ်ရှားသူတွေကို နိုင်ငံတော်ပုန်ကန်မှု၊ အကြမ်းဖက်မှုတွေနဲ့ ရုံးတင်စစ်ဆေးသွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။

အစ္စလာမ်ဘာသာစော်ကားမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ခရစ်ယာန်အမျိုးသမီးတဦးကို တရားရုံးချုပ်က တရားသေလွှတ်ပေးခဲ့တဲ့နောက်ပိုင်းမှာ နိုင်ငံတဝှမ်း ဆန့်ကျင်ကန့်ကွက်မှုတွေ ဖြစ်လာခဲ့ရာက အခုလို စွပ်စွဲချက်တွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ အကြမ်းဖက်ဆန္ဒပြမှုတွေကို ဘာသာရေးအုပ်စုတစုနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ TLP လို့အတိုကောက်ခေါ်တဲ့ Tehreek-i-Labbaik Pakistan နိုင်ငံရေးပါတီက စည်းရုံးစီစဉ်ခဲ့တာပါ။

ပါတီထူထောင်ခဲ့တဲ့ခေါင်းဆောင်ဖြစ်သူ Khadim Hussain Rizvi အပါအဝင် ပါတီဝင် ၃၀၀၀ ကို ကာကွယ်ထိန်းသိမ်းထားတယ်လို့ ပြန်ကြားရေးဝန်ကြီး Fawad Chaudhry ကဆိုပါတယ်။ ဖမ်းဆီးမှုအများအပြားဟာ အစ္စလာမ်မစ်ပါတီအခြေပြုတဲ့ ပန်ဂျပ်ပြည်နယ်မှာလုပ်ခဲ့တာဖြစ်ပြီး ခေါင်းဆောင် ရာ့ဇ်ဗီနဲ့ သူ့လက်ထောက်တွေကို တရားစွဲဆိုမှာဖြစ်ပေမယ့် အကြမ်းဖက်မှုမကျူးလွန်တဲ့ သူ့နောက်လိုက်တွေကိုတော့ လွှတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ TLP ခေါင်းဆောင်တွေ ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ်တသက်တကျွန်းအထိ ချမှတ်ခံရနိုင်ပါတယ်။

Your browser doesn’t support HTML5

ပါကစ္စတန် အစ္စလာမ်မစ် ခေါင်းဆောင်တွေကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ရုံးတင်မည်