(Zawgyi / Unicode)
ကမ္ဘာမှာ စားအုန်းဆီ အတင်ပို့ဆုံး အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့မှု တားမြစ်လိုက်တာကြောင့် စားအုန်းဆီဈေးဟာ စံချိန်တင် မြင့်တက်သွားပါတယ်။
အင်ဒိုနီးရှား ပြည်တွင်း စားအုန်းဆီ ပြတ်လပ်လာမှုကြောင့် အခုလို တားမြစ်လိုက်တာပါ။
ယူကရိန်းစစ်ပွဲကြောင့်နဲ့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့ဈေးကွက် နဂိုတည်းက ယိုင်နဲ့လာချိန် အသီးအရွက်ဆီဈေးတွေ ဈေးတက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဗုဒ္ဓဟူးနေ့ကစတဲ့ အင်ဒိုနီးရှား စားအုန်းဆီ တားမြစ်မှုကြောင့် ဆီအုန်းအပြင် ပဲပိစပ်၊ မုန်ညှင်းမျိုးရင်းဝင် ဥရောပ ဆီထွက်သီးနှံ Rapeseed နဲ့ ကနေဒါမှာ ဒီသီးနှံကထုတ်တဲ့ Canola ဆီတွေလည်း သမိုင်းဝင် စံချိန်တင် ဈေးတက်သွားပါတယ်။
ဆက်တိုက် မိုးခေါင်ရေရှားမူကြောင့် တောင်အမေရိကက ပဲပိစပ်နဲ့ ကနေဒါက Canola သီးနှံတွေ ထိခိုက်ပျက်စီးခဲ့ရတဲ့ ပြဿနာကလည်း ရှိထားတယ်လို့ ပြင်သစ်နိုင်ငံ Paris-Dauphine တက္ကသိုလ်က စီးပွားရေးပါမောက္ခ Philippe Chalmin က ထောက်ပြပါတယ်။
ဒါ့အပြင် ထိခိုက်ပျက်စီးမှုများစေတဲ့ ရုရှားကျုးကျော်စစ်ကြောင့်လည်း ယူကရိန်းက နေကြာပန်းပင်တွေလည်း လုံးဝဥဿုံ ပျက်စီးတာ ဆက်ဖြစ်ခဲ့ရတယ်လို့ ပါမောက္ခ Chalmin က ပြောပါတယ်။
ကမ္ဘာမှာ အစားသုံးဆုံးဆီဖြစ်တဲ့ ဒီ စားအုန်းဆီဈေးကွက်မှာ အင်ဒိုနီးရှားတင်ပို့မှုက ၃၅ ရာခိုင်နှုန်းအထိ ကြီးကြီးမားမား နေရာယူထားတာမို့ နဂိုထိပြီးသား စားအုန်းဆီဈေးကွက် ပိုအထိနာသွားရတယ်လို့လည်း ဆီဈေးကွက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာဆိုလည်း စားအုန်းဆီ အသုံးများ တင်သွင်းရအများဆုံး ဖြစ်ပါတယ်။ ကမ္ဘာ့ ဒုတိယအများဆုံး စားအုန်းဆီတင်ပို့တဲ့ မလေးရှားနိုင်ငံမှာလည်း အရင်မှာထားတာတွေ စာအုန်းဆီတွေကို အလျှင်မီအောင် လုပ်နေရပါတယ်။ ဒီလိုအကျပ်အတည်းတွေကြောင့် ကမ္ဘာ့စားအုန်းဆီ အတင်သွင်းဆုံး အိန္ဒိယအတွက်လည်း အခက်ကြုံနေရပါတယ်။
Your browser doesn’t support HTML5
---------------------------
(Unicode)