ဖိလစ်ပိုင်ကမ်းလွန်မှာ အင်အားပြင်း ရေအောက်ငလျင်လှုပ်

Mindanao, Philippines

ဖိလစ်ပိုင်တောင်ပိုင်းက ပင်လယ်ရေပြင်အောက်မှာ အင်းအားပြင်း ငလျင် ဒီကနေ့ လှုပ်ခတ်ခဲ့တာ ကြောင့် အရှေ့တောင်ဒေသက ပြည်နယ်မှာနေထိုင်သူတွေအနေနဲ့ ဆူနာမီလှိုင်းလုံးကြီးတွေကို သတိထားပြီး နေကြဖို့ ဖိလစ်ပိုင် ငလျင်စောင့်ကြည့်ရေးအေဂျင်စီက သတိပေးထားပါတယ်။

ဒီငလျင်ကြောင့် အထိအခိုက် အပျက်အစီးတွေရှိတယ်ဆိုတာမျိုးတော့ မကြားရသေးပါဘူး။ ဖိလစ်ပိုင် မီးတောင်နဲ့ မြေငလျင် စောင့်ကြည့်ရေး အင်စတီကျုက ငလျင်ဟာ Davao ကနေ မိုင် ၁၀၀ လောက် အကွာက မြေအောက် မိုင် ၃၀ မှာ ၇.၁ အဆင့်နဲ့ လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

နောက်ထပ်လည်း ငလျင် အသေးစားလေးတွေ လှုပ်ခတ်နိုင်ပေမယ့် အထိအခိုက်ရှိမှာ မဟုတ်ဘူးလို့ ခန့်မှန်းထားပါတယ်။ အမေရိကန် ဘူမီဗေဒတိုင်းထွာရေး အေဂျင်စီကတော့ ငလျင်ဟာ မြေအောက် ၃၇ မိုင် အနက်မှာ လှုပ်ခတ်ခဲ့ပြီး ၆.၉ အဆင့်ရှိတယ်လို့ ဆိုပါတယ်။ ငလျင်ကြောင့် ဆူနာမီ ဖြစ်လာ နိုင်ခြေနည်းပေမယ့်လည်း ဒေသတွင်း ကမ်းရိုးတန်းတွေမှာ နေထိုင်သူတွေအနေနဲ့ သတိထားကြဖို့ ငလျင် လှုပ်ခတ်ပြီး ၂ နာရီအကြာမှာဖိလစ်ပိုင်အာဏာပိုင်တွေက သတိပေးထားပါတယ်။

အင်ဒိုနီးရှားကလည်း ဒီငလျင်ကြောင့် ဆူနာမီ ဖြစ်မလာနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

Your browser doesn’t support HTML5

ဖိလစ်ပိုင်ကမ်းလွန်မှာ အင်အားပြင်း ရေအောက်ငလျင်လှုပ်