ရွေးကောက်ပွဲအနိုင်ရပြီလို့ ဖိလစ်ပိုင်သမ္မတလောင်း Marcos Jr. ကြေညာ

အာဏာရှင်သမ္မတဟောင်း မားကို့စ်ရဲ့သား ဖိလစ်ပိုင်သမ္မတကိုယ်စားလှယ်လောင်း Ferdinand 'Bongbong' Marcos Jr.,ကဌာနချုပ်မှာ သူအနိုင်ရကြောင်း ထောက်ခံသူတွေကို ပြောကြားစဉ်။ (မေ ၁၁၊ ၂၀၂၂)


[[Zawgyi/Unicode]]

ဒီအပတ် သမ္မတရွေးကောက်ပွဲမှာအနိုင်ရပြီလို့ ယခင် အာဏာရှင်ရဲ့သား၊ သမ္မတလောင်း Ferdinand Marcos Jr. က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက် ပါတယ်။ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီကို လေးစားဖို့ တောင်းဆိုချက်တွေနဲ့ သူက စောစောစီးစီး ရင်ဆိုင်နေရပါပြီ။

တနင်္လာနေ့မှာ ထည့်ခဲ့ကြတဲ့ မဲတွေအရ မာကို့စ်ဂျူနီယာက မဲ ၃၁ သန်းကျော် ရရှိခဲ့တယ်လို့ တရားမဝင် စာရင်းတွေက ပြောပါတယ်။ ဖိလစ်ပိုင် ရွေးကောက်ပွဲသမိုင်းမှာ ဆယ်စုများစွာအတွင်း လူထုပေးတဲ့ မဲအများဆုံးရခဲ့တဲ့ သမ္မတတွေထဲက တယောက် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒုတိယ သမ္မတရွေးကောက်ပွဲမှာလည်း သူနဲ့တွဲဘက် Sara Duterte ကလည်း သောင်ပြိုကမ်းပြို နိုင်ပုံရနေပါတယ်။

မဲရလာဒ်တွေကို လွှတ်တော်က အတည်ပြုပြီးတဲ့နောက် ဇွန်လ ၃၀ ရက်နေ့မှာ သမ္မတနဲ့ ဒုတိယသမ္မတတို့က သမ္မတတာဝန်တွေကို စတင် ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတရာထူးက ၆ နှစ် သက်တမ်းရှိပြီး တဆက်သာ ထမ်းဆောင်ခွင့် ရှိပါတယ်။

သမ္မတအသစ်ဟာ ကိုဗစ်အလွန် စီးပွါးရေးကို ကိုင်တွယ်ရမှာဖြစ်ပြီး ဆင်းရဲမှု၊ မညီမျှမှု၊ မူဆလင်နဲ့ ကွန်မြူနစ်သူပုန်ထမှုနဲ့ နိုင်ငံရေးအရ စိတ်ဝမ်းကွဲပြားနေမှုတွေကို ဆက်ခံကြရမှာ ဖြစ်ပါတယ်။ ဒီ ပြဿနာတွေကလည်း ယခင်သမ္မတတွေ ဖြစ်ကြပြီး သူတို့ဖခင်တွေ ဖြစ်ကြတဲ့ ဖာဒီနန်မာကို့စ် အကြီးနဲ့ ဒူတာတေတို့လက်ထက်မှာ အဲဒီ ပြဿနာတွေက ကြီးလာခဲ့တာပါ။

မားကို့စ်အငယ်နဲ့ အနီးဆုံးပြိုင်ဘက် လူ့အခွင့်အရေးရှေ့နေ လက်ရှိ ဒုတိယသမ္မတ Leni Robredo ကတော့ မားကို့စ် အငယ်က မဲများစွာနဲ့ အသာရနေတာကို အသိအမှတ်ပြုလိုက်ပါတယ်။

#PhilippinesElection #FerdinandMarcosJr. #VOABurmese #ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲ #မားကို့စ်ဂျူနီယာ #ဗွီအိုအေ

==============
[[Unicode]]






မားကို့ဈအငယျနဲ့ အနီးဆုံးပွိုငျဘကျ လူ့အခှင့ျအရေးရှေ့နေ လကျရှိ ဒုတိယသမ်မတ Leni Robredo ကတော့ မားကို့ဈ အငယျက မဲမြားစှာနဲ့ အသာရနတောကို အသိအမှတျပွုလိုကျပါတယျ။

#PhilippinesElection #FerdinandMarcosJr. #VOABurmese #ဖိလဈပိုငျသမ်မတရှေးကောကျပှဲ #မားကို့ဈဂြူနီယာ #ဗှီအိုအေ

==============