ဗြိတိန်မင်းသား William ရဲ့ ခယ်မတော် မင်္ဂလာဆောင်

ဗြိတိန်တော်ဝင် မင်းသားရဲ့ ခယ်မ Pippa Middleton နဲ့ James Matthews တို့ရဲ့ မင်္ဂလာပွဲ။

ဗြိတိန်နန်းဆက် မင်းသား William ရဲ့ ဇနီး Cambridge မြို့စားကတော် Catherine ရဲ့ ညီမဖြစ်သူ Pippa Middleton ဟာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် သန်းကြွယ်သူဌေး James Matthews နဲ့ ဗြိတိန်နိုင်ငံ Englefield မှာ စနေနေ့က လက်ထပ် ထိမ်းမြားလိုက်ပါပြီ။

Britain Pippa Middleton

၁၂ ရာစုက တည်ဆောက်ထားတဲ့ ကျေးလက်ဒေသက ဘုရားကျောင်းမှာ ကျင်းပတဲ့ ခမ်းနားတဲ့ မင်္ဂလာပွဲကို မင်းသား William နဲ့ Harry တို့ ၂ ဦးလည်း တက်ရောက်ခဲ့ပါတယ်။ ဒီမင်္ဂလာပွဲကို မင်းသား William ရဲ့ ရင်သွေးတွေ ဖြစ်တဲ့ မင်းသားငယ် George နဲ့ မင်းသမီးလေး Charlotte တို့လည်း လိုက်ပါသွားခဲ့တာပါ။

Pippa Middleton ဟာ ဘုရားကျောင်းကို သူ့ဖခင်နဲ့အတူ ၁၉၅၁ ခုနှစ်ထုတ် Jagur Mark V ရှေးဟောင်းကားနဲ့ လာရောက်ခဲ့တာ ဖြစ်ပါတယ်။ မိုး တဖျောက်ဖျောက်နဲ့ ကျိုးကျိုးကျဲကျဲ ရွာနေတဲ့ ကြားကပဲ ဘုရားကျောင်း ပြင်ပမှာ သတင်းထောက်တွေ လာရောက် ကြည့်ရှုသူတွေနဲ့ ပြည့်နေပါတယ်။

မင်္ဂလာပွဲ အခမ်းအနားအပြီး သီးသန့် ကျင်းပတဲ့ ဧည့်ခံပွဲကိုတော့ ဘုရားကျောင်းနဲ့ သိပ်မဝေးလှတဲ့ Pippa ရဲ့ မိဘတွေနေထိုင်ရာ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ဗြိတိန်မင်းသား William ရဲ့ ခယ်မတော် မင်္ဂလာဆောင်