မြန်မာလယ်သမားများ အကျပ်အတည်း

နိုင်ငံရေး စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ဆိုတဲ့ မြန်မာနိုင်ငံမှာ လယ်သမားတွေရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့၊ အခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေ ကတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲ ဖြစ်ပါတယ်။ လယ်သမားအရေးကို ဥပဒေပြု လွှတ်တော်အမတ်တွေ၊ တာဝန်ရှိတဲ့ အာဏာပိုင်တွေက ဘာတွေ ဆောင်ရွက်ပေးနေတာ ရှိပါလဲ။ ဘယ်လောက်ထိ ထိထိရောက်ရောက် ဆောင်ရွက်ပေးနေလဲ ဆိုတာကို ဒီတပတ် တိုက်ရိုက် လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ဦးကျော်ဇံသာ စီစဉ် တင်ဆက်တာ ဖြစ်ပါတယ်။