အီရန်အကျဉ်းသားတွေကို အီးယူနဲ့ ကနေဒါအမတ်တွေ ကူညီမည်

People rally to support recent anti-government protests in Iran, in Toronto, Canada, Nov. 24, 2019. B’nai Brith Canada, a Canadian Jewish human rights group, joined the Council of Iranian Canadians in organizing the rally. (Jigar Patel, VOA Persian)

People rally to support recent anti-government protests in Iran, in Toronto, Canada, Nov. 24, 2019. B’nai Brith Canada, a Canadian Jewish human rights group, joined the Council of Iranian Canadians in organizing the rally. (Jigar Patel, VOA Persian)

အီရန်နိုင်ငံက အကျဉ်းသားတွေကို ကနေဒါနဲ့ ဥရောပနိုင်ငံတွေရဲ့ လွှတ်တော်အမတ်တွေက ကူညီကြမယ်လို့ ကမကထပြု အာမခံချက် ပေးလိုက်ကြပါတယ်။

ဒီလိုကူညီဖို့ အာမခံချက် ပေးလိုက်တာဟာ အီရန်သံအမတ်တွေနဲ့ ဆက်သွယ်ဆက်ဆံတဲ့အခါ လွှတ်တော်အမတ်တွေက သူတို့ရဲ့ နိုင်ငံရေးသြဇာကို အသုံးပြုလိုက်ကြတဲ့သဘော ဖြစ်ပါတယ်။ ဒါဟာ အီရန်နိုင်ငံရေး အကျဉ်းသားတစ်ယောက်ချင်းစီရဲ့ ဒုက္ခကို တခြားနိုင်ငံရေးသမားတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အာရုံစိုက်လာကြအောင် လုပ်လိုက်တာလည်း ဖြစ်ပါတယ်။ အခုလို တစ်ယောက်ချင်းအပေါ် နိုင်ငံတကာက အာရုံစိုက်လာကြခြင်းအားဖြင့် သေဒဏ်အပါအဝင် ပြင်းထန်တဲ့ စီရင်ချက်တွေကို အီရန်တရားသူကြီးတွေက ချမှတ်မယ့် အရေးကနေ အကာအကွယ် ပေးလာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြတာပါ။ တရားသူကြီးတွေက အမှုအများစုကို အများပြည်သူ အသိအမြင်မခံဘဲ စီရင်နေကြတာ ဖြစ်ပါတယ်။ အကျဉ်းသားတွေကို ဘယ်မှာဖမ်းဆီးထားတယ်၊ ဘယ်လို အခြေအနေအောက်မှာ အကျဉ်းချထားတယ် ဆိုတာတွေကိုလည်း မိသားစု အများစုက မသိရှိကြပါဘူး။

အသက် ၂၂ အရွယ် အမျိုးသမီးငယ် မာစာအာမီနီကို ပြဌာန်းချက်နဲ့အညီ ခေါင်းစည်းစည်းတာ မသေသပ်တဲ့အတွက် ဘာသာရေးရဲက ဖမ်းဆီးခဲ့ပြီး၊ ထိန်းသိမ်းထားစဉ် သေဆုံးသွားခဲ့ရာကစလို့ အီရန်နိုင်ငံတလွှားမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွါးခဲ့တာပါ။ တရားရုံးတွေက ဆန္ဒပြသူတချို့ကို သေဒဏ် စီရင်ခဲ့ပါတယ်။

အီရန်နိုင်ငံမှာ အစ္စလာမ်ဥပဒေကို ကျင့်သုံးပြီး၊ ဘာသာရေးခေါင်းဆောင်တွေက အစိုးရကို ဦးဆောင်နေကြပါတယ်။

==== Unicode =====



