သူတော်စင်တွေ ပုပ်ရဟန်းမင်းရွေးခြယ်

ပုပ် Francis စိန့်ပီတာ ရင်ပြင်မှာ အသင်းတော်ဝင်များကို နှုတ်ဆက်နေစဉ်။ (မေလ ၁၂၊ ၂၀၁၃)

ပုပ်ရဟန်းမင်းကြီး Francis က သူပထဆုံးရွေးချယ်တဲ့ Roman Catholic
သူတော်စင်တွေကို ကြေညာလိုက်ပါတယ်။

အဲဒီထဲမှာ ၁၅ ရာစုတုန်းက အစ္စလာမ်ဘာသာပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် ခေါင်းဖြတ်ခံခဲ့ရတဲ့ ရာနဲ့ချီတဲ့ အီတလီလူမျိုးတွေလည်း ပါဝင်ပါတယ်။ မတ်လမှာ ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့ပြီးကတည်းကဆိုရင် ပထမဆုံး သူတော်စင် သတ်မှတ်တဲ့ အခမ်းအနားမှာ ပုပ်ရဟန်း မင်းကြီး Francis က ပထမဆုံး တောင် အမေရိကတိုက်သား သူတော်စင်အဖြစ် Colombia နိုင်ငံက Catholic သီလရှင် တပါးကိုရွေးချယ်ခဲ့သလို Mexico နိုင်ငံက နောက်ထပ် Catholic သီလရှင် တပါးကိုလည်း သူတော်စင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

၁၄၈၀ ခုနှစ်တုန်းက အီတလီတောင်ပိုင်း Otranto မြို့ကို Ottoman Turks တွေ ဝင်ရောက် သိမ်းပိုက်ပြီး ခရစ်ယာန်ဘာသာဝင်တွေကို အစ္စလာမ်ဘာသာ ပြောင်း ခိုင်းပါတယ်။ ဘာသာပြောင်းဖို့ ငြင်းဆန်တဲ့ အမျိုးသားနဲ့ ယောင်္ကျားလေးပေါင်း ၈၀၀ လောက်ကို Ottoman Turks တွေ ခေါင်းဖြတ်သတ်ပစ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က သူတော်စင်အဖြစ် သတ်မှတ်ခဲ့သူတွေထဲမှာ Antonio Primaldo ဆိုသူအပါအဝင် ခေါင်းဖြတ်သတ်ခံရသူ ၈၀၀ လုံးပါဝင်ပါတယ်။ သူတော်စင် တင်မြှောက်တဲ့ အခမ်းအနားကို တက်ရောက်တဲ့ ပရိသတ် ၆ သောင်းလောက် ကို ပုပ်ရဟန်းမင်းကြီး Francis က မိန့်ခွန်းပြောခဲ့တာမှာ ဒီကနေ့ကမ္ဘာကြီးမှာလည်း ကိုယ့်ရဲ့ယုံကြည်မှုအတွက် အကြမ်းဖက်ခံနေကြတဲ့ ခရိယာန်ဘာသာဝင် အများ အပြား ရှိနေသေးကြောင်းနဲ့ မကောင်းမှုတွေကို ကောင်းမှုနဲ့တုံ့ပြန်နိုင်ဖို့ ခွန်အားဖြည့်ပေးတဲ့ အနေနဲ့ သူတို့အတွက် ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်၊