သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံခရီးစဉ် စတင်

Wreckage is seen after an attack outside the Jazeera Hotel in Mogadishu, Jan. 2, 2014.

မြန်မာသမ္မတဦးသိန်းစိန်ဟာ အမေရိကန်ခရီးစဉ်မတိုင်ခင် စက်တင်ဘာလ ၁၈ ရက်၊ အင်္ဂါနေ့မှာ အိမ်နီးချင်းတရုတ်နိုင်ငံဆီ ချစ်ကြည်ရေးခရီး ထွက်ခွာသွားပါတယ်။

တရုတ်နိုင်ငံ၊ နန်နင်းမြို့မှာကျင်းပမယ့် ၉ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို သမ္မတဦးသိန်းစိန် တက်ရောက်ပါလိမ့်မယ်။

အဲဒီခရီးစဉ်အပြီး စက်တင်ဘာလ ၂၄ ရက်နေ့ကျရင်တော့ အမေရိကန်ပြည်ထောင်စုဆီ စတင် ထွက်ခွာလာမှာဖြစ်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားပြီး အမေရိကန်ပြည်ထောင်စုမှာ ခရီးဆက်ပါလိမ့်မယ်။

အဲဒီခရီးစဉ်အတွင်း ဦးသိန်းစိန်နဲ့အတူ ကုလသမဂ္ဂအထွေထွေညီလာခံတက်မယ့် ကိုယ်စားလှယ်အဖွဲ့ဝင်တွေထဲမှာ အရင်တုန်းက ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦး ပါဝင်မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ အခုအခါမှာ တော့ ဦးခွန်ထွန်းဦး မပါဝင်တော့ဘူးလို့ သိရပါတယ်။

ရခိုင်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ALD) ခေါင်းဆောင် ဦးအေးသာအောင် လိုက်ပါလာ နိုင်တယ်လို့ သိရပါတယ်။