အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီကို နိုင်ငံခြားရေးဝန်ကြီးရွေး

Supporters of the Iraqi Communist Party chant slogans during an International Worker's Day, or Labour Day, rally in Baghdad.

အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက အထက်လွှတ်တော်အမတ် John Kerry ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရာထူးကို ဆက်ခံဖို့အတွက် အမည်စာရင်းတင်သွင်း အဆိုပြုလိုက်ပါတယ်။ John Kerry ဟာ ရှေ့လာမယ့်နှစ်တွေအတွင်း အမေရိကန်သံတမန်ရေးလုပ်ငန်းစဉ်တွေအတွက် ပြီးပြည့်စုံတဲ့ရွေးချယ်မှု ဖြစ်တယ်လို့ သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ သောကြာနေ့က ချီးကျူးပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း သူ့လုပ်ခဲ့တာတွေကြောင့် John Kerry ဟာ အထက်လွှတ်တော်အမတ်တွေနဲ့ ကမ္ဘာတဝှမ်းကခေါင်းဆောင်တွေကြားမှာ ယုံကြည်ကိုးစားမှုကို ခံရသူ၊ အများက လေးစားခြင်းခံရသူဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။
ရှေ့လာမယ့်နှစ်တွေမှာ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရမှာဖြစ်ကြောင်း ဒါပေမဲ့ အမေရိကန်နိုင်ငံအနေနဲ့ ဆက်ပြီးတော့ ဦးဆောင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း သမ္မတအိုဘားမားက ပြောပါတယ်။

မက်ဆာချူးဆက်ပြည်နယ် ဒီမိုကရက်အထက်လွှတ်တော်အမတ်ဖြစ်တဲ့ John Kerry ဟာ အထက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး၊ အာဖရိက ကနေ ပါကစ္စတန်လိုမျိုး ပြဿနာအကြီးအကျယ်တက်နေတဲ့ ဒေသတွေကိုလည်း သွားရောက်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဗီယက်နမ်စစ်ပြန်တဦးလည်းဖြစ်ပါတယ်။ အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ကယ်ရီဟာ ၂၀၀၄ ခုနှစ်တုန်းက ဒီမိုကရက်ပါတီကို ကိုယ်စားပြုပြီးတော့ သမ္မတရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ အဲဒီတုန်းက သူဟာ သမ္မတ George W. Bush ကို ရှုံးနိမ့်ခဲ့တာပါ။ အထက်လွှတ်တော်ကသာ အတည်ပြုခဲ့မယ်ဆိုရင်တော့ ဂျွန်ကယ်ရီဟာ ဟီလရီကလင်တန်ဆီကနေ နိုင်ငံခြားရေးဝန်ကြီး ရာထူးကို ဆက်ခံရမှာဖြစ်ပါတယ်။