လူသေမှုအပါအဝင် အမှု၃မှုနဲ့ ဖားကန့်မြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ခံထားရတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုNDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာဟာ ဒီကနေ့ အချုပ်ကနေ လွတ်မြောက် လာပြီဖြစ်ပါတယ်။ ဒေါ်ဘောက်ဂျာဟာ ယစ်မျိုးဥပဒေ ပုဒ်မ ၃၃ နဲ့ ထောင်ဒဏ်၆လ ချမှတ်ခံရပေမဲ့ ချုပ်နှောင်ရက် ၆လ ရှိခဲ့ပြီးဖြစ်တာကြောင့် လွတ်မြောက်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို အပြစ်မရှိဘဲ ခုလို အပြစ်ဒဏ် ချမှတ်တဲ့ အပေါ် ဆက်လက်ပြီး အယူခံဝင်သွားမယ်လို့ ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။
ဒေါ်ဘောက်ဂျာဟာ လူသေမှုဖြစ်တဲ့ ပြစ်မှုပုဒ်မ ၃၀၄(က)၊ တရားဝင်လိုင်စင်
မရှိဘဲ ဆေးကုသမှုအတွက် ဆေးကောင်စီဥပဒေပုဒ်မ ၄၁နဲ့ ယစ်မျိုးဥပဒေ ပုဒ်မ ၃၃တို့နဲ့ အမှုဖွင့်ပြီး ၂၀၁၃ခုနှစ် ဇူလိုင်လက ဖားကန့်မြို့ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာဖြစ်ပါတယ်။ လူသေမှုဆိုင်ရာ ပြစ်မှုပုဒ်မ ၃၀၄(က)ကို တရားလိုက အမှုရုတ်သိမ်းလွှာတင်ခဲ့တာနဲ့ သက်သေမခိုင်လုံတာကြောင့် ဒီလ ၁၆ရက်နေ့ အမှုရုတ်သိမ်းခဲ့ပါတယ်။
ဒီကနေ့မှာတော့ ဆေးကောင်စီဥပဒေပုဒ်မ ၄၁ကိုလည်း သက်သေခိုင်လုံမှု မရှိတာကြောင့် ရုတ်သိမ်းလိုက်ပြီး ယစ်မျိုးဥပဒေပုဒ်မ ၃၃နဲ့ ထောင်ဒဏ် ၆လ ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လျော့ရက်အပါအဝင် ချုပ်နှောင်ရက် ၆လကျော်ရှိခဲ့တာကြောင့် ဒေါ်ဘောက်ဂျာကို ဖားကန့် မြို့နယ်တရားရုံးမှာ စီရင်ချက်ချပြီး နေ့ခင်း ၁၂နာရီကျော်လောက်မှာ လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
ဒီလိုလွှတ်ပေးလိုက်ပေမဲ့ ဒီအပြစ်ဒဏ်စီရင်မှုအပေါ် ဆက်လက်ပြီး အယူခံဝင်သွားမယ်လို့ ဒေါ်ဘောက်ဂျာက အခုလို ပြောပါတယ်။
" ခြောက်လချတာက ယစ်မျိုး ၃၃ဆိုပြီးတော့ ဆေးခန်းဖွင့်မှုဆိုလား။ လက်ဝယ်တွေ့ရှိမှုဆိုလား။ ကျမ လက်ဝယ်မှာလည်း မတွေ့ရှိဘူး။ အဲ့ဒီ့ပစ္စည်းက ကျမ ပစ္စည်းလည်း မဟုတ်ပဲနဲ့ အမိန့်ချထားတာ ခြောက်လ ချထားတာပေါ့နော်။ ချတဲ့အမိန့်က ဒါမဟုတ်ဘူးပေါ့နော်။ ဆက်ပြီးတော့ အယူခံ ဆက်တက်သွားမှာပါ။ လိမ်ဆင်ထားတဲ့ ကိစ္စကို ကျမ ဆက်ပြီးတော့ ထုခြေသွားဦးမှာပါ။ ကျမ လုံးဝ အပြစ်မရှိဘူးဆိုတာတော့ အမိန့်ချပေးရမှာလေ။ "
ရှေ့နေတဦးလည်းဖြစ်တဲ့ ဒေါ်ဘောက်ဂျာဟာ ဟူးကောင်းချိုင့်ဝှမ်းဒေသ က မြေယာသိမ်းမှုတွေနဲ့ပတ်သက်ပြီး တောင်သူလယ်သမားတွေဖက်က ရှေ့နေလိုက်တာ၊ တရားစွဲဆိုတာတွေကို ကူညီဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။
သူ့ကို ဖမ်းဆီးတဲ့ အပေါ်မှာတော့ ဒေါ်ဘောက်ဂျာက အခုလို ပြောဆိုပါတယ်။
"ဒီ အခုလို ဖမ်းဖို့ စီစဉ်တာက ယုဇနကုမ္ပဏီကိစ္စကို မပြတ်သေးတဲ့ကိစ္စကို ဆက်လုပ်တဲ့အတွက်လည်း ပါတယ်ပေါ့နော်။ အဲ့ဒီ့အချိန်မှာ မတရားမြေသိမ်းခံရတာကို ပေးပြီလို့ ကြေညာပေမဲ့ မပေးထားဘူး။ ဒါတွေကို မကျေနပ်ကြောင်း ဆန္ဒပြဖို့ ထုတ်ဖော်လာတာနဲ့ ကျမကို အားချင်း ဖမ်းချလာတာပေါ့နော်။"
လက်ရှိတရားစီရင်ရေးစနစ်ကိုလည်း ဒေါ်ဘောက်ဂျာက အခုလို ဝေဖန်လိုက်ပါတယ်။
"မြန်မာနိုင်ငံမှာ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ပတ်သက်လို့ ဒီလိုဖြစ်နေသရွေ့ကတော့ တိုင်းပြည်က တော်တော်လေး ပြုပြင်ရဦးမယ်။ ပြီးတော့လဲ အထက်က အမိန့်ပေါ့နော်။ အထက်အဆင့်ဆင့် အုပ်ချုပ်ရေးပိုင်း၊ ဒါတွေကိုပဲ နာခံပြီး စောင့်မျှော်နေရတဲ့အခါမှာ တရားစီရင်ရေးနဲ့ဥပဒေရေးနဲ့ အကုန်လုံးက ရောထွေးနေတုန်းပဲ ရှိသေးတယ်။ မပြောင်းလဲနိုင်သေးဘူးလို့ ကျမပြောချင်ပါတယ်။"
ဒေါ်ဘောက်ဂျာဟာ ၂၀၁၀ ရွေးကောက်ပွဲကာလအပြီးမှာ လက်ရှိ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဦးအုံးမြင့်ကို မဲမသမာမှုနဲ့ တရားစွဲခဲ့တဲ့နောက် သူကိုလည်း လူသေမှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။
ရွေးကောက်ပွဲကော်မရှင်မှာ နှစ်ဖက်ညှိနှိုင်းဆွေးနွေးပြီး ဒေါ်ဘောက်ဂျာက ဦးအုံးမြင့်အပေါ် တရားစွဲဆိုတာကို ရုတ်သိမ်းခဲ့တဲ့နောက် ဒေါ်ဘောက်ဂျာကို ဖမ်းဆီးတာ အရေးယူဆောင်ရွက်တာတာ မရှိခဲ့ဘဲနေရာက ၂၀၁၂မှာ မှ အမှု ၃ခုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။