သမ္မတ Putin လူကြိုက်များမှု ကျဆင်း

သမ္မတ Putin

သမ္မတ Putin

ရုရှားရွေးကောက်ပွဲတွေမတိုင်ခင် လက်ရှိ သမ္မတ Vladimir Putin အပေါ် လူကြိုက်များမှုထိုးကျသွားတယ်လို့ အများလေးစားတဲ့ ရုရှားစီးပွားရေးသတင်းစာက ဖော်ပြလိုက်ပါတယ်။

နိုင်ငံတော်ပိုင် ပြည်သူ့သဘောထားလေ့လာရေးဌာနရဲ့ စစ်တမ်းထုတ်ပြန်မှုအပေါ် အခြေခံပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်နဲ့ ဖော်ဖော်ဝါရီလလယ် အတွင်း လူတစ်သန်းကျော်ရှိတဲ့ မြို.ကြီးတွေမှာ သမ္မတ Putin ကို လူကြိုက်များမှုက ၁၂% ကျဆင်းသွားတယ်လို့ မော်စကိုမြို.တော်အခြေစိုက် ရုရှားဘာသာသတင်းစာ Vedomosti က ဖော်ပြလိုက်ပါတယ်။

ဒီလေ့လာရေးဌာန အဆိုအရ သမ္မတ Putin ကို လူကြိုက်များမှုက အရင် ၇၀% နီးပါး ရှိခဲ့ရာကနေ အခု ၅၇% အကျော်နားလေးကို ကျသွားခဲ့တာဖြစ်ပြီး၊ ဒီ လူဦးရေအလယ်အလတ်ရှိတဲ့ မြို.ကြီးတွေရဲ့ အကြမ်းဖျင်း လူဦးရေ လေးပုံတစ်ပုံဟာ မဲပေးခွင့်ရှိသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီပြည်သူ့သဘောထားလေ့လာရေးဌာန ညွန်ကြားရေးမူး Valery Fyodorov ကတော့ ခုလို သမ္မတ Putin အပေါ်လူကြိုက်များမှုကျသွားတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကထုတ်တဲ့ သူ့အဖွဲ့ စစ်တမ်းတွေ့ရှိချက်မှာ ဖော်ပြခဲ့တာက ခိုင်မာမှုမရှိပါဘူးလို့ ချက်ချင်း တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဒီ နိုင်ငံပိုင်လေ့လာရေးဌာနအနေနဲ့ နောက်ဆက်တွဲ စစ်တမ်းတစ်ခုကို အခုမတ်လ (၂) ရက်ကနေ (၄) ရက်အတွင်း ကောက်ယူခဲ့ရာမှာတော့ သမ္မတပူတင်အပေါ် လူကြိုက်များမှု ၁၂% ကျဆင်းသွားတာက မပြောပလောက်ပဲ၊ ယာယီကျဆင်းမှုသာဖြစ်တယ်လို့ ဆိုပါတယ်။

လတ်ဗီယားအခြေစိုက် ရုရှားဘာသာသတင်းစာ Meduza ကလည်း ဒီစစ်တမ်းကောက်ယူခဲ့ချက်တွေအရ လူဦးရေ (၁) သိန်းနဲ့ (၅) သိန်းကြားမြို.ကြီးတွေမှာလည်း Putin အပေါ်ထောက်ခံမှုက အလားတူ ၁၂% ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

သမ္မတ Putin လူကြိုက်များမှု ကျဆင်း