ဗြိတိန်ဘုရင်မကြီးခေါင်းတလား ဝက်စ်မင်တာကို သယ်ဆောင်

ဘက်ကင်ဟမ်နန်းတော်ကနေ ဝက်စ်မင်စတာခမ်းမကို ဘုရင်မကြီးခေါင်းတလားသယ်ဆောင်တဲ့ ဘီးတပ်အမြှောက်ရထားလုံးရှေ့ ကနေ ချီတက်ကြတဲ့ တော်ဝင်အစောင့်တပ်ဖွဲ့ ဖြစ်ပါတယ်။ (စက်တင်ဘာ ၁၄၊ ၂၀၂၂) 

ဘုရင်မကြီး ရုပ်ကလာပ်ထည့်ထားတဲ့ ခေါင်းတလား ဝက်စ်မင်စတာခမ်းမကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ (စက်တင်ဘာ ၁၄၊ ၂၀၂၂)

တော်ဝင်မိသားစုဝင်တွေကို ဘုရင်မကြီးခေါင်းတလား ၄ ရက်တာ ထားရှိမယ့် ဝက်စ်မင်စတာ နန်းတော်မှာ တွေ့ရတာပါ။ ခေါင်းတလားအစောင့်တာဝန်ကျသူတွေရဲ့ ပထမဆုံး ကင်းစောင့်တာဝန် စတင်ပြီ ဖြစ်ပါတယ်။ 

ဗြိတိန်ဘုရင်ချားလ်စ် ဘုရင်မကြီး ရုပ်ကလာပ်ကို မင်းခန်းမင်းနားနဲ့ သယ်ဆောင်ရာမှာ လိုက်ပါလာတာပါ။ (စက်တင်ဘာ ၁၄၊ ၂၀၂၂)

ဘုရင်မကြီးရဲ့ သားတော်၊သမီးတော်တွေ၊ မြေးတော်တွေကို အိမ်ရှေ့စံဝေလမင်းသားချားလ်စ်၊ တတိယမြောက် ချားလ်စ်ဘုရင်၊ မင်းသမီးအန်း၊ မင်းသားဟယ်ရီ နဲ့ မင်းသားအင်ဒရူးတို့ ဘုရင်မကြီးရုပ်ကလာပ် တင်ဆောင်တဲ့ ရထားလုံးအနောက်ကနေ လိုက်ပါခဲ့ကြပါတယ်။ 

ဗြိတိသျှလွှတ်တော်အဆောက်အဦးဆီကို ဦးတည်လာကြချိန်မှာ တော်ဝင်ကမ်းတက်တပ်ဖွဲ့ ဘင်ခရာတီးဝိုင်းက ရှေ့ဆုံးက ဦးဆောင်လာတာပါ။ (စက်တင်ဘာ ၁၄၊ ၂၀၂၂) 

ဘုရင်မကြီး ရုပ်ကလာပ်ပါ ခေါင်းတလားထားရှိမည့် ဝက်စ်မင်စတာခမ်းမဆီကို မင်းခန်းမင်းနားနဲ့ သယ်ဆောင်ရာ လမ်းတလျှောက်က မြင်ကွင်းဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ ခေါင်းတလားကို သယ်ဆောင်ရာလမ်းတလျှောက် သယ်မော “The Mall” လမ်းမကြီးမှာ လူထုပရိသတ် စောင့်စားနေခဲ့ကြပါတယ်။ (စက်တင်ဘာ ၁၄၊ ၂၀၂၂)

ဘုရင်မကြီးရုပ်ကလာပ်ထည့်ထားတဲ့ ခေါင်းတလားကို ဘီးတပ်အမြှောက်ရထားလုံးနဲ့ သယ်ဆောင်လာတာပါ။ (စက်တင်ဘာ ၁၄၊ ၂၀၂၂)

ဘုရင်မကြီးရဲ့ ခေါင်းတလား နန်းတော်က မထွက်ခွာခင် လမ်းတလျှောက်မှာ သူ့ကိုနောက်ဆုံးအကြိမ် ဂါရဝ ပြုချင်သူတွေ လာရောက်စောင့်စားနေခဲ့ပါတယ်။