တပ်မတော်နဲ့ AA အကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ နောက်ဆုံးဖြစ်ထားတဲ့ တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံး တယ်လို့ AA အဖွဲ့ကပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့ဒေသတွေ၊ အနီးအနားတွေက လူငယ်တွေကို AA အဖွဲ့နဲ့ ဆက်စပ်တယ် ဆိုတဲ့သံသယနဲ့ တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းတာတွေ ပိုများလာတာကြောင့် လူငယ်တွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော် AA တို့အကြားချင်းပြည်နယ်ပလက်ဝမြို့နယ်ဘက်မှာ မနေ့ကဗုဒ္ဓဟူးနေ့မှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ရခိုင့်တပ်မတော်ပြန်ကြားရေးတာဝန်ခံခိုင်သုခကဗွီအိုအေကိုပြောပါတယ်။
“ဇန္နာဝါရီ(၃၀)ရက်နေ့မှာတော့ ပလက်ဝမြို့နယ် ဒလက်ချောင်းအတွင်းမှာရှိတဲ့အဲဒီပကာဝရွာရဲ့တောင်ဖက် တကီလို လောက်အကွာမှာမနက်(၁၀)နာရီ(၅၀)ကစပြီးတော့မွန်းလွှဲပိုင်း(၂)နာရီ(၅၀)လောက်အထိပေါ့လေ။တောက်လျှောက် တိုက်ပွဲတွေပြင်းထန်ခဲ့တယ်ဗျ။ ရန်သူဖက်ကတော့(၅)ယောက်ထက်မနဲ ကျဆုံးပြီးတော့ သူတို့အများအပြားဒဏ်ရာ ရခဲ့တာရှိတယ်။ ကျွန်တော်တို့ရခိုင့်တပ်မတော်ဖက်ကတော့ တဦးကျဆုံးပြီးတဦးဒဏ်ရာရခဲ့တာရှိတယ်ဗျ။ ဒေသခံရွာ သားတွေထိခိုက်တာတော့မရှိဘူးဗျ။”
အဲဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတယ်ဆိုပေမဲ့ သီးခြားအတည်မပြုနိုင်သေး သလို တပ်မတော်ဖက်ကလဲသတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။
တိုက်ပွဲဖြစ်ပွါးမှုနဲ့ပတ်သက်တဲ့ အခြေအနေကိုသိရဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက် အတွင်း ရေးမှူးကိုအကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရခဲ့သလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော် ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်တာမှာလည်း ခရီးလွန်နေကြောင်းပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့စနေနေ့က ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာအထက် ခုံရွာနဲ့ကောက်ကြီးဝရွာဘက်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော်AAတို့တိုက်ပွဲဖြစ်ပွါးခဲ့အပြီး တပ်မတော်ကနေ ရှင်းလက်ဝဒေသကရခိုင်လူငယ်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ တင်းကြပ်လာတာကြောင့် နေရပ်ကနေတိမ်းရှောင်နေရတယ်လို့ ပလက်ဝမြို့နယ်ဒေသခံ ခိုင်ကျော်နိုင်ကပြောပါတယ်။
“ကောက်ကြီးဝရွာနဲ့ ခုံရွာအကြားမှာ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာ အခုချင်းလက်ဝကျေးရွာက တပ်မတော်လူတွေက သံသယနဲ့ လူငယ်တွေကိုဖမ်းဆီးနေတဲ့အတွက် ရှင်းလက်ဝလူငယ်တွေကအခုထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွာမှာလဲမနေရဲကြဘူး။ AAနဲ့ဆက်နွယ်နေတယ်ဆိုပြီးတော့ သူတို့က ဘာမှမေးမြန်းခြင်းမရှိဘဲနဲ့ ဖမ်းဆီးခေါ်ဆောင်သွား တဲ့အတွက် လူငယ်တွေကဒီလိုထွက်ပြေးတိမ်းရှောင်နေရတယ်။ အခုဒီပလက်ဝနဲ့ကျောက်တော်မြို့နယ်ဖက်တွေမှာဘဲ ဆင်းသွားတယ်။”
ဒီရက်ပိုင်းအတွင်း ရှင်းလက်ဝကျေးရွာေ ဒသခံတွေကို တပ်မတော်ကနေဖမ်းဆီးထားတာနဲ့ ပတ်သက်လို့လည်း ကောက်ကြီး၀ ရွာသားတဦးက ပြောပါတယ်။
“(၃)ယောက်ရှိနေပြီးအခု။ အကုန်လုံးဆွဲပြီးတင်ထားတာ(၃)ယောက်ရှိနေပြီး။ တယောက်မှတော့ပြန်မထွက်လာသေးဘူး။ အဲတာကြောင့်အခုကြောက်လို့ အခုကျောက်တော်ပိုင်းကို ခနလေးရှောင်နေလာရတာ။”
ဖမ်းဆီးခံရတဲ့လူငယ်တွေဟာ မိဘဆွေမျိုးသားချင်းတွေနဲ့တွေ့ဆုံခွင့်မရဘူးလို့လည်း သူကဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင် ရသေ့တောင်မြို့နယ်တွေဘက်မှာလဲ AA နဲ့ဆက်စပ်မှုရှိနေတယ်ဆိုပြီး ကျေးရွာအုပ်ချုပ် ရေးမှူးတွေ ရွာသားတွေကို တပ်မတော်ကနေ စစ်ဆေးဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မနဲ့ တရားစွဲဆိုတာတွေ ရှိနေပါတယ်။
ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ် ကျောက်တော် ပုဏ္ဏားကျွန်း ရသေ့တောင် ဘူးသီးတောင် မောင်တော မြောက်ဦး
မြေပုံမြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေမှာ AA အဖွဲ့တွေ ရောနှောဝင်ရောက်နေတာကြောင့် မသင်္ကာတဲ့ လူနေအိမ်တွေကို စစ်ဆေးသွားဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကနေ ဇန္နဝါရီလ ၂၈ ရက်စွဲနဲ့ ညွှန်ကြားချက်ထုတ်ပြန်ထား ပါတယ်။
Your browser doesn’t support HTML5