အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ရှိသူ Sarah Huckabee Sanders ကို Virginia ပြည်နယ်စားသောက်ဆိုင် တခုက နှင်ထုတ်ခဲ့ပါတယ်။
သူဟာ အမေရိကန် သမ္မတ Donald Trump အတွက် အလုပ်လုပ်ပေးနေတာကြောင့် Lexington မြို့က Red Hen ဆိုတဲ့ စားသောက်ဆိုင်ပိုင်ရှင်က ထွက်သွားဖို့ ပြောခဲ့ကြောင်းနဲ့ သူကလည်း ယဉ်ကျေးစွာနဲ့ စားသောက်ဆိုင်ကနေ ထွက်လာခဲ့ကြောင်း Sarah Sanders က Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။ သောကြာနေ့ညနေက ဖြစ်ခဲ့တဲ့ ကိစ္စကို Twitter ပေါ်မှာ သူရေးခဲ့ပြီး တနာရီအတွင်း တုံ့ပြန်မှုပေါင်း ၂ သောင်း ကျော်ခဲ့ပါတယ်။
သူ့အနေနဲ့ သူနဲ့သဘောထားမတူသူတွေအပါအဝင် အားလုံးကို လေးစားမှုနဲ့ ဆက်ဆံခဲ့ပြီး နောက်လည်း ဒီလိုပဲ ဆက်ဆံသွားမှာဖြစ်တယ်လို့ရေးခဲ့တာပါ။
Red Hen စားသောက်ဆိုင်မှာ အလုပ်လုပ်ကြတချို့ဟာ လိင်တူချစ်သူတွေဖြစ်ကြပြီး လိင်တူချစ်သူတွေကို အမေရိကန် စစ်တပ်ထဲမှာ စစ်မှုထမ်းခွင့်မပေးချင်တဲ့ သမ္မတ Trump ကို Sanders က ကာကွယ်ပြောဆိုခဲ့ တာ ကြောင့် ခုလို သူ့ရဲ့ စားသောက်ဆိုင်ကနေ နှင်ထုတ်ခဲ့တာဖြစ်တယ်လို့ ပူးတွဲပိုင်ရှင် Stephanie Wilkinson က Washington Post သတင်းစာကြီးကို ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ ဆိုင်ဝန်ထမ်းတွေက Sanders ကို နှင်ထုတ်ဖို့ ဆန္ဒရှိတယ်ဆိုတာ လှမ်း အကြောင်းကြား ခဲ့ပြီးနောက် သူကိုယ်တိုင် ဆိုင်ကိုသွားပြီး Sarah Sanders နဲ့ သီးသန့် တေ့ွဆုံစကားပြောကာ ဆိုင်ထဲကနေ ထွက်သွားဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5