တရုတ်နိုင်ငံ Sichuan ခရိုင်မှာ သေဆုံးသူ ၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၁ သောင်း ၁ ထောင်ကျော်ရှိနေတဲ့ စနေနေ့ မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ဒဏ်ခံရသူတွေ ရှိနေတဲ့ ဝေးလံခေါင်ဖျား နေရာတွေကို အခုအခါမှာ ရှာဖွေ ကယ်ဆယ်ရေး လုပ်သားတွေ သွားရောက်နိုင်ပြီ ဖြစ်ပါတယ်။
စနေနေ့ မနက်ခင်းက ငလျင်ဒဏ် အပြင်းဆုံးခံခဲ့ရတဲ့ Lushan မြို့နယ်ကို သွားရောက်ဖို့ လမ်းပန်းရော တယ်လီဖုံးဆက်သွယ်ရေးပါ ပြတ်တောက်နေတာမို့ အခက်အခဲတွေ ဖြစ်နေတာပါ။
ဒါပေမဲ့ အဲ့ဒီအချိန်ကစပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ၊ ယာဉ်တွေ သွားနိုင်အောင် မြေပြိုကျလို့ ပိတ်နေတဲ့ အဝေးပြေး လမ်းမကြီးတွေပေါ်က ကျောက်တုံးတွေကို ဒိုင်းနမိုက်တွေနဲ့ ဖြိုခွဲပြီး လမ်းရှင်းခဲ့ကြတဲ့အတွက် အခုအခါမှာတော့ ထောင်နဲ့ချီတဲ့ ဒေသခံတွေအတွက် လျှပ်စစ်မီးတွေရော၊ တယ်လီဖုံး အဆက်အသွယ်တွေပါ ပြန်ရနေပြီ ဖြစ်ပါတယ်။
ငလျင်ဒဏ်ကြောင့် ထောင်နဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာခဲ့ရပြီး ကြက်ခြေနီအဖွဲ့ရဲ့ ယာယီစခန်းတွေမှာ နေနေကြရပါတယ်။
ကယ်ဆယ်ရေး လုပ်သားတွေဟာ တနင်္ဂနွေနေ့က Lushan တောင်တန်းဒေသမှာ ပိတ်မိနေတဲ့ ရွာပေါင်း ၉ ရွာက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ကယ်ဆယ်ကူညီခဲ့ကြပါတယ်။
တရုတ်ဝန်ကြီးချုပ် လီကာချင်း (Li Keqiang) ကလည်း ငလျင်ဒဏ် အပြင်းအထန်ခံရသူ အများအပြားကို ပြောင်းရွှေ့သယ်ယူ ကုသပေးနေတဲ့ Sichuan ခရိုင် Chengdu မြို့တော်က နာမည်ကြီး အနောက်ပိုင်းဆေးရုံကို သွားရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။