အမေရိကန် ကာကွယ်ရေးဝန်ကြီး တရုတ်နိုင်ငံရောက်

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်(ဝဲ) ဘေဂျင်း နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိလာစဉ်။
ဇန်နဝါရီ ၉၊ ၂၀၁၁။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်(ဝဲ) ဘေဂျင်း နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိလာစဉ်။ ဇန်နဝါရီ ၉၊ ၂၀၁၁။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) ဟာ တရုတ်အစိုးရနဲ့ အမေရိကန် အစိုးရကြား စစ်ရေးဆက်ဆံမှု ပိုပြီး ကောင်းမွန်တိုးတက်မှု ရရှိဖို့ ရည်ရွယ်ပြီး ၃ ရက်ကြာ ခရီးစဉ်အဖြစ် ဘေဂျင်းမြို့ကို သွားရောက်နေတာ အခု ဘေဂျင်းမှာ ရောက်ရှိနေပါပြီ။

ဘေဂျင်းမြို့တော်မှာ ရောက်ရှိနေတုန်း တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) အပါအဝင် တရုတ်အရာရှိတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

နှစ်ဘက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်စေနိုင်တဲ့ နားလည်မှု လွဲတာမျိုးတွေ မဖြစ်ရလေအောင် အမေရိကန်နဲ့ တရုတ်စစ်တပ်အကြား တည်ငြိမ်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖန်တီးထားဖို့ တရုတ်ကို ထပ်ပြီး ဖျောင်းဖျမယ့် အစီအစဉ်လည်း ရှိပါတယ်။

တရုတ်နိုင်ငံရဲ့ နောက်ဆုံးပေါ် လက်နက်ဆန်းတွေနဲ့ ပတ်သက်ပြီး ပူပန်မိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်က စနေနေ့က ပြောကြားသွားပါတယ်။

သူတို့ရဲ့ ပထမဆုံး ရေဒါပျောက် တိုက်လေယာဉ် တည်ဆောက်မှုမှာ အရင်တုန်းက ထင်ထားတာထက် ပိုပြီး တိုးတက်မှုရှိတဲ့ ပုံပါပဲလို့ မစ္စတာ ဂိတ်စ်က ၃ ရက်ကြာ ဆွေးနွေးပွဲတွေအတွက် ဘေဂျင်းမြို့တော်ကို အသွား လမ်းခရီးမှာ သတင်းထောက်တွေကို ပြောသွားခဲ့တာပါ။

နောက် တရုတ်ရဲ့ စစ်ရေးကိရိယာ တည်ထွင်မှုတခုဖြစ်တဲ့ စစ်သင်္ဘောတွေကို ပစ်တဲ့ ဒုံးကျည်နဲ့ ပတ်သက်ပြီးလည်း စိုးရိမ်မိကြောင်း မစ္စတာ ဂိတ်စ်က ဆိုပါတယ်။