လှေစီးပြေးဒုက္ခသည် အများအပြား ပျောက်ဆုံးဆဲ

လှေစီးပြေး ရိုဟင်ဂျာများ။

မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုးတန်းမှာ လှေစီးပြေးရိုဟင်ဂျာ အယောက် (၇၀) သယ်ဆောင်လာတဲ့ လှေတစီး နစ်မြုပ်သွားလို့ လူအမြောက်အများ ပျောက်ဆုံးနေပါတယ်။

တနင်္ဂနွေနေ့အစောပိုင်းမှာဖြစ်ပွားတဲ့ ဒီလှေနစ်မြုပ်မှုကြောင့် အခုထိတော့ အသက်ရှင်လျက်နဲ့ အနည်းဆုံး လူ (၆) ဦးကိုပဲ ကယ်ဆယ်ရမိထားတာပါ။

ရာသီလိုက် နှစ်စဉ်ပြုလုပ်နေကြ အန္တရာယ်များလှတဲ့ ဒီနယ်မြေ ရွှေ့ပြောင်းမှုကို ပြန်စတင်နေကြပြီး ရိုဟင်ဂျာထောင်နဲ့ချီ မြန်မာနိုင်ငံကနေ ထွက်ခွာနေတယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အရင်သီတင်းပတ်တွင်းမှာ လူပေါင်း ၁၅၀၀ လောက်ထွက်ခွာသွားကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးပြီး လူပေါင်း တသိန်းခွဲလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။