အဓမ္မကျင့်ခံခဲ့ရတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ ဒုက္ခသည်အချို့လက်ခံရေး ကနေဒါ ကမ်းလှမ်းချက် ဘင်္ဂလားဒေ့ရှ် အကြောင်းမပြန်

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက အဓ္ဓမပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတွေ အပါအဝင် ဒုက္ခသည်အချို့လက်ခံရေး ကနေဒါနိုင်ငံရဲ့ ကမ်းလှမ်းချက်ကို ဘင်္ဂလားဒေ့ရှ်က ငြင်းပယ် လိုက်တယ်လို့ ကနေဒါ တာဝန်ရှိသူတွေက ပြောဆိုကြောင်း ရိုက်တာသတင်းတရပ်မှာဖော်ပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးအစီအစဉ်မှာ အငြင်းပွါးစရာဖြစ်နေပေမယ့်လည်း ဘင်္ဂလားဒေ့ရှ် ကတော့ ရှေ့ဆက်လုပ်ဆောင်နေတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို အကြိမ်ကြိမ် ဆက်သွယ်ပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူလည်းဖြစ်၊ ကယ်ဆယ်ရေးနဲ့ ဌာနေပြန် ရေးဆိုင်ရာ မဟာမင်းကြီးက မှတ်ချက်ပေးဖို့ ငြင်းဆန်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မေလက သွားရောက်ခဲ့တဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Chrystia Freeland က လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံခဲ့ရသူတွေ အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည်အချို့ကို လက်ခံဖို့ ကမ်း လှမ်းခဲ့တယ်လို့ ကနေဒါ တာဝန်ရှိသူတွေကပြောပါတယ်။ အဲဒီကမ်းလှမ်းချက်ကို မရုပ်သိမ်းသေး ပါဘူးလို့လည်း ပြောပါတယ်။

ဝန်ကြီး Chrystia Freeland က ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ်နဲ့ ဆွေးနွေးဖို့လိုလားကြောင်း ရိုဟင်ဂျာအရေး ပါဝင် လုပ်ကိုင်နေတဲ့ နာမည်မဖော်လိုတဲ့ ကနေဒါ တာဝန်ရှိသူတဦးက Thomson Reuters Foundation ကို ပြော ဆိုခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ကလည်း ဒီကိစ္စကို သူ့အစိုးရတာဝန်ရှိသူတွေ စဉ်းစား သုံးသပ်လိမ့်မယ်လို့ ပြောကြောင်းလည်း အဲဒီအရာရှိက ပြောဆိုပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလမဂ္ဂ မဟာ မင်းကြီးရုံး UNHCR ရဲ့ ကူညီပံ့ပိုးမှုနဲ့ နှစ်နိုင်ငံ အစိုးရတို့ ဆွေးနွေးနေတယ်လို့လည်း အဲဒီအရာရှိက ပြောပါတယ်။

Your browser doesn’t support HTML5

အဓမ္မကျင့်ခံခဲ့ရတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ ဒုက္ခသည်အချို့လက်ခံရေး ကနေဒါ ကမ်းလှမ်းချက် ဘင်္ဂလားဒေ့ရှ် အကြောင်းမပြန်