မလေးရှားဝန်ကြီးချုပ်မဟာသီယာမိုဟာမက်က သူ့အစိုးရလက်ထက်မှာ အကြွေးသံသရာကလွတ်မြောက်အောင် အရင်အစိုးရလက်ထက်ကသဘောတူခဲ့တဲ့ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ဆောက်လုပ်မယ့် အခြေခံအဆောက်အအုံစီမံကိန်းတွေကို ပယ်ဖျက်ပစ်ဖို့ကြိုးစားမယ်လို့ ဒီကနေ့တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာဘဲ၊ မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေအပေါ် အကြီးအကျယ်မတရားနှိပ်ကွပ်နေတယ်လို့လည်း ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
လွန်ခဲ့ ၃ လက မလေးရှားရွေးကောက်ပွဲအနိုင်ရခဲ့ အသက ၉၃ နှစ်အရွယ် ဝန်ကြီးချုပ်မဟာသီယာမိုဟာမက်ဟာ မကြာမီ သူ့ရဲ့ ပထမဆုံး တရုတ်ပြည်ချစ်ကြည်ရေးခရီးစဉ်မတိုင်မှီ AP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရေးကို ဆက်လက်ထိန်းထားမှာဖြစ်သလို မလေးရှားအတွက်အကျိုးရှိမယ့် စီမံကိန်းတွေအတွက်ဆိုရင် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်းကြိုဆိုမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်လက်ထက်က တရုတ်နဲ့ သဘောတူခဲ့တဲ့ မလေးရှားအရှေ့ဘက်ကမ်းခြေမှာဆောက်လုပ်မယ့် ဒေါ်လာသန်းထောင်ပေါင်းစွာသုံးစွဲမယ့် ရေနံပိုက်လိုင်းနဲ့ မီးရထားလမ်းစီမံကိန်းကိုတော့ မဟာသီယာက အကြီးအကျယ်ဆန့်ကျင်နေတာဖြစ်ပါတယ်။
တချိန်တည်းမှာဘဲ မြန်မာနိုင်ငံ အာစီယံအသင်းဝင်ဖြစ်အောင် ၁၉၉၇ ခုနှစ်တုန်းက တိုက်တွန်းခဲ့တဲ့ မလေးရှားဝန်ကြီးချုပ်မဟာသီယာမိုဟာမက်က အာစီယံရဲ့ တခြားနိုင်ငံပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့မူကို ထူးထူးကဲကဲ ပစ်ပယ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် နှိပ်ကွပ်တာနဲ့ ပတ်သက်ပြီး ယဉ်ကျေးတဲ့နိုင်ငံတွေဟာ ဒီလိုနည်းနဲ့ ပြုမှုတာတွေမလုပ်ဘူးလို့ ဝေဖန်လိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှိပ်ကွပ်မှုတွေကိုတားဆီးဖို့ ပျက်ကွက်တဲ့အပေါ်မှာလည်း စိတ်ပျက်တဲ့အောကာင်းနဲ့ တရားမျှတရေးနဲ့ လူ့အခွင့်ကိုလေးစားလိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်။
Your browser doesn’t support HTML5