Roman Catholic အသင်းတော်မှာ ပုပ်ရဟန်းမင်းကြီးပြီးရင် သြဇာအရှိဆုံးဖြစ်တဲ့ Cardinal ဘုန်းတော်ကြီးသစ် ၁၉ ပါးကို Vatican မှာ
အခမ်းအနားနဲ့ ခန့်အပ်လိုက်ပါတယ်။ အသစ်ခန့်အပ်ခံရတဲ့ Cardinal ဘုန်းတော်ကြီးသစ်တွေထဲမှာ ဥရောပကအပြင် တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ဘရာဇီးလ်၊ အိုင်ဗရီ ကို့စ် - စတဲ့ အာရှ၊ တောင်အမေရိကနဲ့ အာဖရိကနိုင်ငံတွေထဲကလည်း ပါဝင်ပါတယ်။
St. Peter's ဘုရားကျောင်းမှာ ဒီကနေ့ အစောပိုင်းက ကျင်းပတဲ့ ခန့်အပ်ပွဲ အခမ်းအနားမှာ Cardinal ဘုန်းတော်ကြီးတွေအတွက် အစဉ်အလာအတိုင်း ဝတ်ဆင်ရမယ့် အနီရောင်ခေါင်းဆောင်းနဲ့ ဝတ်ရုံအပြင် အထိမ်းအမှတ် ရွှေလက်စွပ်တွေကို ပုပ်ရဟန်းမင်းကြီး Francis က ပေးအပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို ဂုဏ်ထူးဆောင် ပုပ်ရဟန်းမင်းကြီး Benedict လည်း တက်ရောက်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး Francis ပထမဆုံး ရွေးချယ်
ခန့်အပ်တဲ့ Cardinal ဘုန်းတော်ကြီးတွေကို ကြည့်ချင်းအားဖြင့် Roman Catholic အသင်းတော်ဟာ အရင်က ဥရောပက Cardinal ဘုန်းတော်ကြီးတွေဘက် ပိုတိမ်းတယ်ဆိုတဲ့ အချက်ကို မြင်သာစေမယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
ကမ္ဘာ့အနောက်ခြမ်းက အဆင်းရဲဆုံးဖြစ်တဲ့ ဟေတီကျွန်းနိုင်ငံအတွက် ပထမဆုံး Cardinal ဘုန်းတော်ကြီးအဖြစ် Chibly Long (Chibly Langlois) ခန့်အပ်ခံရပါတယ်။ အသစ်ဖြစ်လာတဲ့ Cardinal ဘုန်းတော်ကြီး ၁၉ ပါးမှာ ၁၆ ပါးက သက်တော် ၈၀ အောက်တွေ ဖြစ်တာမို့ ပုပ်ရဟန်းမင်းကြီးသစ်ကိုရွေးချယ်ရတဲ့ လျှို့ဝှက်စည်းဝေးပွဲမှာ ပါဝင်နိုင်ခွင့်ရှိသူတွေ ဖြစ်ပါလိမ့်မယ်။