အသံထက် အဆပေါင်းများစွာမြန်တဲ့ ရုရှားလက်နက်သစ် အဆင်သင့်ဖြစ်ပြီ

ကွန်ပြူတာတွင် နမူနာပုံဖော်ပြသသည့် တွန်းတင်ဒုံးယာဉ်မှနေ၍ Avangard ဒုံးကျည်တင်ယာဉ်ကို လွှတ်ထုတ်လိုက်ပုံ။ (မတ် ၁၊ ၂၀၁၈)

(Zawgyi/Unicode)

ရုရှားနိုင်ငံက ထုတ်လုပ်ထားတဲ့ အသံထက် အဆပေါင်းများစွာမြန်တဲ့ Avangard ဒုံးကျည်လွှတ်ယာဉ်သစ်ဟာ တိုက်ပွဲမှာ အသုံး ပြုနိုင်တဲ့အဆင့် ရောက်သွားပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က သမ္မတ ဗလာဒီမီယာ ပူတင်ကို အစီရင်ခံလိုက် တဲ့အကြောင်း AP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အသံထက် ၂၇ ဆ ပိုမြန်တဲ့ တိုက်ချင်းပစ် ဒုံးလက်နက်သစ်ဟာ သောကြာနေ့ကစပြီး အသုံးပြုနိုင်တဲ့အဆင့်ကို ရောက်သွားပြီလို့ ရုရှားကာကွယ်ရေးဌာနက သမ္မတပူတင်ကို အစီရင်ခံလိုက်တာကြောင့် ရုရှားရဲ့ နျူကလီးယားစွမ်းရည်ကို ပို အားကောင်းသွားစေ ပြီဖြစ်ပါတယ်။

“ဒီ သမိုင်းဝင်ဖြစ်ထွန်းမှုအပေါ် တနိုင်ငံလုံးနဲ့ စစ်ဘက်အတွက် ကျနော် ဂုဏ်ပြုချီးကျူးပါတယ်” လို့ ထိပ်တန်း စစ်ဘက် ခေါင်းဆောင်တွေနဲ့ တယ်လီဖုန်းကနေတဆင့် စည်းဝေးချိန်အတွင်း ဝန်ကြီး Shoigu က ပြောပါတယ်။

Avangard ဒုံးကျည်လွှတ်ယာဉ် ထုတ်လုပ်မှုကို ၁၉၅၇ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုခေတ်က ပထမဆုံးဂြိုဟ်တု လွှတ်တင်နိုင်ခဲ့ တဲ့အချိန်နဲ့ နှိုင်းယှဉ်ပြီး နည်းပညာပိုင်း တိုးတက်အောင်မြင်မှုတခုအဖြစ် သမ္မတပူတင်က ပြောထားဖူးပါတယ်။

ရုရှားရဲ့ ဒီလက်နက်သစ်နဲ့ တရုတ်က ထုတ်လုပ်နေတဲ့ အလားတူ လက်နက်စနစ်တွေဟာ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာတွေ စဉ်းစားရွေးချယ်နေတဲ့ အမေရိကန်ပြည်ထောင်စုအတွက်တော့ ခေါင်းခဲစရာအခြေအနေတွေဖြစ်ပါတယ်။

-------------------------------------

(Unicode)







Your browser doesn’t support HTML5

အသံထက် အဆပေါင်းများစွာမြန်တဲ့ ရုရှားလက်နက်သစ် အဆင်သင့်ဖြစ်ပြီ