အမေရိကန်ပြည်ထောင်စုက အလိုရှိနေတဲ့ အမေရိကန် ထောက်လှမ်းရေး ကန်ထရိုက်တာဟောင်း အက်ဝပ် စနိုဒန် (Edward Snowden) ဟာ သူတို့ပိုင်နက် နယ်မြေထဲ ရောက်မလာဘူးဆိုပြီး ရုရှားဘက်က ငြင်းပါတယ်။
ဒါပေမဲ့လည်း အက်ဝပ် စနိုဒန် (Edward Snowden) ဟာ မော်စကို နိုင်ငံတကာလေဆိပ်ထဲမှာ ရောက်နေတယ်လို့ အမေရိကန် ပြည်ထောင်စုဘက်က ယူဆထားတာပါ။
စနိုဒန် ဟာ ဟောင်ကောင်ကနေ ရုရှားမြို့တော် မော်စကိုကို တနင်္ဂနွေနေ့တုန်းက ထွက်သွားတယ်လို့ ယူဆရပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်း ထောက်လှမ်းရေး လျှို့ဝှက်ချက်တွေနဲ့ အခြားအရေးကြီးတဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို ဖောက်ချခဲ့ တဲ့နောက် ဟောင်ကောင်မှာ သူဟာ ပုန်းရှောင်နေခဲ့တာ ဖြစ်ပါတယ်။
စနိုဒန် ဟာ ရုရှားနယ်နမိတ်ကို ဖြတ်ကျော်လာတာ မရှိသလို၊ စနိုဒန် ခရီးစဉ်ကိစ္စမှာလည်း ရုရှားဘက်က ပါဝင်ပတ်သက်မှု မရှိဘူးဆိုပြီး ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီ လဗ်ရော့ဗ် (Sergei Lavrov) က ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ကတော့ စနိုဒန် ကို အမေရိကန်ကို ပြန်လွဲှပြောင်းပေးဖို့ ရုရှားကို တနင်္လာနေ့က တိုက်တွန်း တောင်းဆိုပါတယ်။ ဒီတောင်းဆိုချက်ကို မလိုက်လျောဘူး ဆိုရင်တော့ နောက်ဆက်တွဲ ရလဒ်အခြေအနေ ကောင်းမှာ မဟုတ်ဘူးလို့လည်း သတိပေးပါတယ်။
ဒါ့အပြင် စနိုဒန် ကို ဖမ်းဝရမ်း ထုတ်ထားတဲ့ ကြားကနေပြီးတော့ တရုတ်ပိုင်နက် ဟောင်ကောင်ကနေ တမင်သက်သက် ထွက်ခွာခွင့် ပေးလိုက်တယ်ဆိုပြီးတော့လည်း အမေရိကန် သမ္မတအိမ်ဖြူတော်က တရုတ်နိုင်ငံကို ဝေဖန်ပြစ်တင်ပါတယ်။