Fulbright ပညာတော်သင်ဆုရတဲ့ ရုရှားကျောင်းသားတွေအန္တရာယ်ရှိနေ

Your browser doesn’t support HTML5

Fulbright ပညာတော်သင်ထောက်ပံ့ကြေးတွေပေးတဲ့ အမေရိကန် နိုင်ငံတကာပညာရေးအဖွဲ့ Institute for International Education IIE ကို မလိုလားအပ်တဲ့အဖွဲ့အဖြစ်ရုရှားစိုးရကသတ်မှတ်ပြီး မတ်လထဲမှာ ရုရှားနိုင်ငံအတွင်းလုပ်ဆောင်ခွင့်ကိုပိတ်ပင်ခဲ့ပါတယ်။

Fulbright ပညာတော်သင်ထောက်ပံ့ကြေးတွေပေးတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာပညာရေးအဖွဲ့ Institute for International Education IIE ကို မလိုလားအပ်တဲ့အဖွဲ့အစည်းအဖြစ်ရုရှားစိုးရကသတ်မှတ်ပြီး၊ ပြီးခဲ့တဲ့မတ်လထဲ တုန်းက ရုရှားနိုင်ငံအတွင်းလုပ်ဆောင်ခွင့်ကိုပိတ်ပင်ခဲ့ပါတယ်။ ဒီအဖွဲ့အစည်းနဲ့ပတ်သက်ဆက်နွယ်သူတွေလည်း တရားမဝင်လုပ်ဆောင်မှု နဲ့ အရေးယူခံရနိုင်ပါတယ်။ Fulbright ပညာတော်သင်အစီအစဉ်နဲ့ ပြည်ပမှာပညာသင်ယူနေတဲ့ ရုရှားပညာတော်သင်တွေ သူတို့နိုင်ငံကိုပြန်ရင် ရိုက်ခတ်မှုတွေရှိနိုင်ပါတယ်။ Maxim Adams သတင်းပေးပို့ထားတာကို-ကိုဇော်မိုးကျော်က တင်ပြပေးပါမယ်။