အမေရိကန်ထောက်လှမ်းရေး စွပ်စွဲချက် ရုရှားတုံ့ပြန်

ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ Donald Trump အနိုင်ရအောင် ရုရှားအစိုးရက ဝင်ရောက် စွက်ဖက်ခဲ့တယ်ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေးဌာနရဲ့ ပြောဆိုချက်ဟာ အခြေအမြစ် မရှိပဲ လုပ်ငန်း ကျွမ်းကျင်မှုမရှိသူတွေက ပြုစုတဲ့ အစီရင်ခံစာသာ ဖြစ်တယ်ဆိုပြီး ရုရှားအစိုးရက ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

အဲဒီလို ပြောဆိုမှုဟာ ခိုင်မာမရှိတဲ့ အကြောင်းအချက်တွေအပေါ် အခြေခံတဲ့၊ အခြေအမြစ်မရှိတဲ့ ပြောဆိုမှုတွေသာဖြစ်ကြောင်း၊ ကမ္ဘာ့ထိပ်တန်း လုံခြုံရေး ဌာနက ရရှိတဲ့ သတင်းအချက်အလက်လို့ သတ်မှတ်ဖို့ ခက်ခဲတဲ့ လုပ်ငန်း မကျွမ်းကျင်မှုနဲ့ စိတ်ခံစားမှုအပေါ် အခြေခံထားတဲ့ အစီရင်ခံစာသာ ဖြစ်တယ်လို့ ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က တနင်္လာနေ့မှာ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီနည်းလမ်းအရ ပြုလုပ်တဲ့ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက် စွက်ဖက်ဖို့အတွက် ရုရှားသမ္မတ Vladimir Putin ကိုယ်တိုင်က အမိန့်ပေးခဲ့တယ်ဆိုတာ သူတို့အနေနဲ့ ယုံကြည်မှု အပြည့်အ၀ ရှိကြောင်း အမေရိကန် ထောက်လှမ်းရေး အသိုင်းဝိုင်းက သောကြာနေ့မှာ ပြောဆိုပြီးတဲ့နောက် ရုရှားအစိုးရက အဲဒီကိစ္စအပေါ် ပထမဆုံးအကြိမ် တုန့်ပြန် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ရုရှားတို့ရဲ့ လုပ်ရပ်ဟာ ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီး ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump အနိုင်ရရေးအတွက် လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

Your browser doesn’t support HTML5

အမေရိကန်ထောက်လှမ်းရေး စွပ်စွဲချက် ရုရှားတုံ့ပြန်