ရုရှားနိုင်ငံ၊ St. Petersburg မြို့က စူပါမားကက်အတွင်းမှာ လက်လုပ်ဗုံးတလုံး ပေါက်ကွဲသွားတဲ့အတွက် လူ ၁၀ ဦး ဒဏ်ရာရသွားပြီး ဆေးရုံကို ပို့လိုက်ရတယ်လို့ အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
စတိုးဆိုင်အတွင်းမှာ အမည်မသိ အရာတခု ပေါက်ကွဲသွားတယ်လို့ အစောပိုင်း စုံစမ်းမှုတွေအရ သိရှိရကြောင်း စုံစမ်းရေး ကော်မီတီ ပြောခွင့်ရအမျိုးသမီး Svetlana Petrenko ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လက်လုပ် ဖောက်ခွဲရေးပစ္စည်းကြောင့် အခုလို ပေါက်ကွဲရခြင်းဖြစ်ကြောင်း၊ အဲဒီ ပေါက်ကွဲမှု အရှိန်ဟာ TNT ၂၀၀ ဂရမ်နဲ့ ညီမျှတဲ့ အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ အပိုင်းအစတွေ ပါဝင်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အသက်သေစေရန် ကြံစည်မှုနဲ့ ရာဇဝတ်မှုအဖြစ် အမှုဖွင့် စစ်ဆေးနေကြောင်း စုံစမ်း စစ်ဆေးရေးမှူးတွေက ပြောပါတယ်။
ဒဏ်ရာရသူ ၁၀ ဦးစလုံးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားမှာ မရှိဘူးလို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ဘာကြောင့် အခုလို ဖောက်ခွဲမှု ပြုလုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
Your browser doesn’t support HTML5
St. Petersburg မှာဗုံးကွဲ