၂ နှစ်ကြာစစ်မှာ ရုရှားစစ်အင်အား ၄ သိန်းကျော်ဆုံးရှုံးကြောင်း ယူကရိန်းစစ်တပ်ထုတ်ပြန်

Your browser doesn’t support HTML5

ယူကရိန်းနဲ့ ၂ နှစ်ကြာ စစ်ပွဲမှာ ရုရှားစစ်တပ်က တပ်ဖွဲ့ဝင်အင်အား ၄၀၉,၈၂၀ ဆုံးရှုံးခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ ရုရှားတပ်ဖွဲ့ဝင် ၈၁၉ ယောက် ဆုံးရှုံးခဲ့ကြောင်းလည်း Facebook လူမှုကွန်ရက်က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။