နိုင်ငံတကာ အာကာသစခန်းကို ကန်နဲ့ ရုရှား တဦးစီရောက်

အာကာသထဲမှာ ၁ နှစ်ကြာ နေထိုင်ကြမယ့် အမေရိကန်အာကာသယာဉ်မှူး Scott Kelly (ဝဲ)၊ ရုရှားအာကာသယာဉ်မှူး Gennady Padalka (မတ်လ ၂၇၊ ၂၀၁၅)

အမေရိကန်အာကာသယာဉ်မှူးတဦးနဲ့ ရုရှားအာကာသယာဉ်မှူးတဦးဟာ နိုင်ငံတကာ အာကာသစခန်းမှာ တနှစ်ကြာ တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိ သွားပါပြီ။

အသက် ၅ဝ ကျော်အရွယ် Scott Kelly နဲ့ Mikhail Kornienko တို့ နှစ်ဦးဟာ နောက်နှစ် မတ်လအထိ တာဝန်ထမ်းဆောင်မှာဖြစ်ပြီး ဒါဟာ အာကာသ စခန်းမှာ တာဝန်ထမ်းဆောင်တာ အချိန်အကြာဆုံး ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၆ လ လောက်သာ အာကာသမှာ တာဝန်ထမ်းဆောင်တာကနေ တနှစ်အထိနေထိုင်ပြီး လူသားတွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် ဘယ်လိုမျိုးသက်ရောက်မလဲဆိုတာကို လေ့လာဖို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားတာပါ။ အာကာသယာဉ်မှူး ၃ ဦးပါဝင်တဲ့အဖွဲ့ဟာ ရုရှား ဆိုယုဇ် အာကာသယာဉ်နဲ့ စနေနေ့မှာ အာကာသာစခန်းဆီ ထွက်ခွာသွားတာပါ။