ကမ္ဘာတလွှားက ဆန်တာဘိုးဘိုးများ

London Santa အပြေးပြိုင်ပွဲ မစခင် Victoria ပန်းခြံမှာ သွေးပူ ကိုယ်လက်လှုပ်ရှားလုပ်နေကြတဲ့ စင်တာတွေပါ။ Britain၊ London၊ ဒီဇင်ဘာ ၂ ၂၀၁၈

Liverpool Santa Dash အပြေးပြိုင်ပွဲမှာ ဝင်ပြိုင်ကြတဲ့ စင်တာတွေ မနည်းမနောပါ။ (Britain နိုင်ငံ Liverpool မြို့၊ ဒီဇင်ဘာ ၂ ၂၀၁၈)

နိုဝင်ဘာလနှောင်းပိုင်း New York မြို့က ကျေးဇူးတော်နေ့ Macy ကုန်တိုက် အလှပြပွဲကို စင်တာဘိုးဘိုးတယောက် ရောက်လာခဲ့ပါတယ်။ (နိုဝင်ဘာ ၂၂ ၂၀၁၈)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က ခရစ္စမတ်ရာသီ ကြော်ငြာအခမ်းအနားတခုမှာ စင်တာကလော့စ်ဘိုးဘိုးလို ဝတ်စုံဝတ်ပြီး ဆာဒင်း ငါးသေတ္တာငါးတွေနဲ့ ရေကူးနေပုံ (ဒီဇင်ဘာ ၇ ၂၀၁၈)

စင်တာဘိုးဘိုးပေါ်ထိုင်ရလို့ အမက ပျော်နေသလောက် မောင်ဖြစ်သူက ငိုယိုဂျီကျနေတာပါ။ (Pennsylvania ပြည်နယ် King of Prussia Mall၊ ဒီဇင်ဘာ ၈ ၂၀၁၈)

Russia ဒဏ္ဍာရီပုံပြင်ထဲက စင်တာဖိုးဖိုး Father Frost နဲ့ မယ်နှင်းဖြူ Snow Maiden တို့ကို Belarus နိုင်ငံ Minsk မြို့တော်က ၂၀၁၈ Yolka ပွဲတော်မှာ တွေ့နိုင်ပါတယ်။

ဈေးအရောင်းစင်တာ King of Prussia Mall မှာ စင်တာ့ကို အံ့သြအောင်လုပ်နိုင်စွမ်းသူတွေပါ။ (Pennsylvania ပြည်နယ် King of Prussia မြို့ ၊ ဒီဇင်ဘာ ၄ ၂၀၁၈)

ဘရာဇီးလ်နိုင်ငံ Sao Paulo မြို့က စင်တာဘိုးဘိုး သင်တန်းကျောင်းမှာ လာတက်နေကြသူတွေ ဖြစ်ပါတယ်။ (ဒီဇင်ဘာ ၄ ၂၀၁၈)

SantaCon စင်တာဘိုးဘိုး ပျော်ပွဲရွှင်ပွဲ (New York မြို့ Manhattan ရပ်ကွက်၊ ဒီဇင်ဘာ ၈ ၂၀၁၈)

အမေရိကန်ဘောလုံးပွဲ ပွဲလည်ခေတ္တနားချိန်မှာ ပန်းဖွားကသူတွေနဲ့အတူလိုက်ကတဲ့ စင်တာဘိုးဘိုး ဓာတ်ပုံ - Geoff Burke (USA TODAY Sports) ဒီဇင်ဘာ ၉ ၂၀၁၈

ဂျာမဏီနိုင်ငံ Dresden မြို့ Frauenkirche ဘုရားကျောင်းနား ခရစ္စမတ်ဈေးက စင်တာဘိုးဘိုး ဖြစ်ပါတယ်။ (ဒီဇင်ဘာ ၉ ၂၀၁၈)

ဘတ်စကားယာဉ်မောင်းလည်းဖြစ်တဲ့ မြို့်ကောင်စီဝင် Edilson Santos က စင်တာဖိုးဖိုးဝတ်စုံဝင်ပြီး ခရစ္စမတ်အလှဆင်ဘတ်စကားနဲ့ Santo Andre မြို့မှာပတ်နေတာပါ။ (ဘရာဇီးလ်နိုင်ငံ၊ ဒီဇင်ဘာ ၉ ၂၀၁၈)

Nicaragua နိုင်ငံ Managua မြို့ တော်လှန်ရေးရင်ပြင်က စင်တာဘိုးဘိုး (၉ ဒီဇင်ဘာ ၂ ၂၀၁၈)

စင်တာကလော့စ်ဘိုးဘိုးဝတ်စုံနဲ့ Harley Davidson ဆိုင်ကယ်စီးသူများ (Switzerland နိုင်ငံ Zurich မြို့၊ ဒီဇင်ဘာ ၁ ၂၀၁၈

ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ် မြို့တော်က Tropicarium ငါးပြတိုက်မှာ စင်တာရေငုပ်ဘိုးဘိုး ငါးလေးတွေနဲ့ ရေကူးခဲ့ပါတယ်။ (၆ ဒီဇင်ဘာ ၂ ၂၀၁၈)

အရှေ့အလယ်ပိုင်းဒေသ အနောက်ဘက်ကမ်း Beit Jala မြို့မှာလည်း မာရသွန်ကျင်းပတော့ ပါလက်စတိုင်းနွယ်ဘွားတယောက် စင်တာကလော့စ်လို ဝတ်ပြီး ဝင်ပြိုင်ပါတယ်။

အမေရိကန် ဘတ်စကက်ဘောပွဲလာကြည့်တဲ့ စင်တာကလော့စ် ဓာတ်ပုံ - Aaron Doster-USA TODAY Sports Nippert အားကစားရုံ Ohio ပြည်နယ် USA (နိုဝင်ဘာ ၂၃ ၂၀၁၈)

အနုတ် ၁၇ ဒီဂရီ ဆဲလ်စီးရပ်စ် အေးနေချိန်မှာ ရွက်တိုက်လှေစီးနေတဲ့ စင်တာဝတ်စုံနဲ့ အဘိုးနဲ့ မြေးဖြစ်သူ မယ်နှင်းဖြူ (Siberian နိုင်ငံ Krasnoyarsk မြို့၊ ဒီဇင်ဘာ ၈ ၂၀၁၈)

SantaCon စင်တာဘိုးဘိုး ပျော်ပွဲရွှင်ပွဲရောက် နောက် စင်တာကလော့စ် တယောက် (New York မြို့ Manhattan ရပ်ကွက်၊ ဒီဇင်ဘာ ၈ ၂၀၁၈)

ဖင်လန်နိုင်ငံက စင်တာဘိုးဘိုး Joulupukki ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ် မြို့တော် လေဆိပ်ကို ရောက်လာတာပါ။ (နိုင်ဝင်ဘာ ၂၉ ၂၀၁၈)

Cota 905 ဆင်းရဲသားရပ်ကွက်မှာ Santa en las calles အလှူအတွင်း အရုပ်တွေလိုက်ဝေနေတဲ့ စင်တာကလော့စ် ( Venezuela နိုင်ငံ Caracas မြို့၊ ဒီဇင်ဘာ ၁ ၂၀၁၈)