ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုချက်အပေါ် သောတရှင်အမြင်

တပ်မတော်(ရေ) မှ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise - Sea Shield 2016) တွင် မိန့်ခွန်းပြောနေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ၂၇ ဖေဖော်ဝါရီ ၂၀၁၆။

မြန်မာ့အတိတ်သမိုင်းအရ တိုင်းပြည်အပေါ် သစ္စာမဲ့တာ၊ ပြည်ပနိုင်ငံအပေါ် သစ္စာခံတာ၊ တပ်မတော်အပေါ် သစ္စာမဲ့တာတွေ ကြောင့် နိုင်ငံ့အရေးကိစ္စတွေ ရှုပ်ထွေးခဲ့ပြီး အဲဒီလိုထပ်မဖြစ်စေဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ချက်တချို့ ထည့်သွင်းထား တာ ဖြစ်တယ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကြာသေးခင်ကပဲ ပြောသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ အခုပြောဆိုချက်အပေါ် သောတရှင်တွေရဲ့ အမြင်နဲ့ သမ္မတ သစ်ရွေးချယ်ရေး၊ အစိုးရအဖွဲ့အလွှဲအပြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေး စတဲ့ အရေးကြီးကိစ္စရပ်တွေရှိနေချိန်မှာ ဗိုလ်ချုပ်မှူးကြီးက ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုပြောတယ်ဆိုတာ ဆွေးနွေးထားပါတယ်။