ကုန်ဈေးနှုန်းကျအောင် မလုပ်နိုင်ကြတော့ဘူးလား …

ရန်ုကုန်မြို့ လမ်းဘေးဈေးတခု မြင်ကွင်း။ မတ် ၉ ၊၂၀၁၆။

Your browser doesn’t support HTML5

ကုန်ဈေးနှုန်းကျအောင် မလုပ်နိုင်ကြတော့ဘူးလား …

နိုင်ငံတွင်း နေ့စဉ်နဲ့အမျှ စားသောက်ကုန်ဈေးနှုန်းတွေ တက်နေတယ်ဆိုတာကို လူထုကြား ညည်းငြူ ပြောဆိုတာတွေ ကြားနေရပါတယ်။ ကုန်ဈေးနှုန်းတွေက ငြိမ်မနေတဲ့အပြင် အတက်ချည်းပဲဖြစ်နေပေမယ့် လုပ်ခလစာ တွေကတော့ တက်မလာတာကြောင့် သာမန်လူထုအတွက် အခက်အခဲကြီးဖြစ်နေတာပါ။

ကုန်ဈေးနှုန်း တည်ငြိမ်အောင် အဲဒီကနေတဆင့် ကျသွားအောင် လုပ်နိုင်တဲ့ နည်းလမ်းများ မရှိတော့ပါဘူးလား၊ ကုန်ဈေးနှုန်း ကျသွားအောင် တာဝန်ရှိသူတွေ မစွမ်းဆောင်နိုင်ကြတော့ပါဘူးလား၊ ကုန်ဈေးနှုန်းကျဆင်းရေး ဘယ်လို နည်းလမ်းတွေ နဲ့များ လုပ်နိုင်မလဲဆိုတာ ပင်တိုင်ဆွေးနွေးသူတွေဖြစ်ကြတဲ့ စီးပွားရေးပညာရှင် ဦးခင်မောင်ညို၊ မြန်မာနိုင်ငံ စားသုံးသူအခွင့်အရေး ကာကွယ်ရေးအဖွဲ့ဥက္ကဌ ဦးဗအုပ်ခိုင်တို့နဲ့အတူ သောတရှင်တွေကိုယ်တိုင် ပါဝင်ဆွေးနွေးထားပါတယ်။