ကြောင်နဲ့ selfie ရိုက်တာ ဆော်ဒီ တားမြစ်

နယူးယောက်သူလေးနဲ့ ကြောင် selfies ။ (မေ ၄၊ ၂၀၁၆)

ဆော်ဒီ အာရေဗျ နိုင်ငံမှာ သြဇာ ကြီးမားတဲ့ ဘာသာရေး ခေါင်းဆောင် တစ်ဦး က ကြောင် ဒါမှမဟုတ် အခြား တိရစ္ဆာန်တွေနဲ့ အတူ selfie ဓါတ်ပုံရိုက်တာကို လုံး၀ လိုအပ်လို့ ရိုက်တာက လွဲရင် ရှောင်ကျဉ်သင့်တယ်လို့ ပြောလိုက်ပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံသားတွေအကြားမှာ အနောက်တိုင်းသားတွေနဲ့ တူချင်တဲ့ သူတွေက ဒီလိုလုပ်တာ ရေပန်းစားနေတယ်လို့ ဆော်ဒီ အကြီးတန်း ပညာရှင် များ ကောင်စီအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Sheikh Saleh Bin Fawzan Al-Fazwan က ဧပြီလ ၁၇ရက်နေ့က ရုပ်သံ ထုတ်လွှင့်မှု တခုထဲမှာ ပြော လိုက်တာပါ။

ဒီရုပ်သံ အစီအစဉ်ကို အရှေ့အလယ်ပိုင်းဒေသ မီဒီယာ လေ့လာရေး သုတေသန အင်စတီကျု အဖွဲ့ကနေ You Tube ပါ်မှာ တင်ပြီး ဖြန့်ချီခဲ့ပါတယ်။

အစ္စလာမ် ဘာသာတရားကို ရှေးရိုးကျတဲ့ ပုံစံအတိုင်း ကျင့်သုံးတဲ့ ဆော်ဒီ အာရေဗျနိုင်ငံမှာ အိမ်မွေး တိရစ္ဆာန် တွေနဲ့ အတူ
ဓါတ်ပုံ ရိုက် တာဟာ အနောက်တိုင်း အလေ့အထလို့ သတ်မှတ်ပြီး တားမြစ်ထားတဲ့ တခုတည်းသောအရာတော့ မဟုတ်ပါဘူး။ ဒီနှစ်အစောပိုင်းက စစ်တုရင် ကစားတာဟာ လောင်းကစားကို အားပေးရာရောက် တယ်ဆိုပြီး အတွက် ဆော်ဒီ ဘာသာရေး ဥပဒေအရ ပိတ်ပင်ခဲ့ပါတယ်။

ဒါ့အပြင် Pokemon ကစားနည်းမှာ သုံးတဲ့ ဖဲချပ်တွေမှာ လက်ဝါးကဒ်တိုင်နဲ့ ဂျူးလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ဒေးဗစ် ကြယ် အမှတ်အသားတွေ ပါဝင်နေတဲ့ အတွက် ကစားနည်းကို ပိတ်ပင်ခဲ့တယ်လို့ Newsweek က ဖော်ပြခဲ့ပါတယ်။

Your browser doesn’t support HTML5

ကြောင်နဲ့ selfie ရိုက်တာ ဆော်ဒီ တားမြစ်