ပါမောက္ခ Sean Turnell လွှတ်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် မေတ္တာရပ်ခံခဲ့

ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွါးရေးအကြံပေး ပါမောက္ခ ရှောင်တာနယ်။

[[Zawgyi/Unicode]]

Australia ပါမောက္ခ Sean Turnell ကို ပြန်လွှတ်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က မြန်မာစစ်ခေါင်းဆောင်ကို မေတ္တာရပ်ခံခဲ့တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

Australia နိုင်ငံခြားရေးဝန်ကြီး Marise Payne ရဲ့စာနဲ့တောင်းဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဝန်ကြီးချုပ်ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မေတ္တာရပ်ခံခဲ့တာ ဖြစ်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံရဲ့အထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ Mr. Prak Sokhonn က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

မစ္စတာရှောင်တန်နယ်ရဲ့တရားရုံးကိစ္စတွေပြီးသွားတာနဲ့ အပြုသဘော တုံ့ပြန်ပါမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပြုခဲ့တယ်လို့ကမ္ဘောဒီးယားအစိုးရပိုင် ကမ်ပူးချားသတင်းဌာနမှာဖော်ပြပါတယ်။

မစ္စတာ ရှောင်တန်နယ်ဟာ Australia နိုင်ငံက ပါမောက္ခတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ သူ့ကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာပါ။

ကမ္ဘောဒီယားဝန်ကြီးချုပ်ရဲ့ခရီးစဉ်ဟာ မြန်မာစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုပေးတဲ့ ခရီးစဉ်ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ကြပါတယ်။ ဒါပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ရာမှာ အပြုသဘောရလဒ်တွေရခဲ့ပြီး အာဆီယံရဲ့ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ခြေလှမ်းတလှမ်း ဖြစ်ခဲ့တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

Your browser doesn’t support HTML5

ပါမောက္ခ Sean Turnell လွှတ်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် မေတ္တာရပ်ခံခဲ့

========

[[Unicode]]

ပါမောက်ခ Sean Turnell လှှတျဖို့ ကမ်ဘောဒီးယားဝနျကွီးခြုပျ မတေ်တာရပျခံခဲ့






#MyanmarArrest #MyanmarCambodia #VOABurmese


=======