ဆီးရီးယား ဓာတုလက်နက် စစ်ဆေးရေးအဖွဲ့ လုံခြုံရေးစိုးရိမ်

ဆီးရီးယားနိုင်ငံ Damascus မြို့တော် ဗုံးပေါက်ကွဲမှု (အောက်တိုဘာ ၁၅၊ ၂၀၁၃)

ကုလသမဂ္ဂ ဓါတုလက်နက် စစ်ဆေးရေးအဖွဲ့ တည်းခိုရာ ဒမတ်စကပ်စ်မြို့က ဟိုတယ်နားမှာ ကားဗုံး ကွဲပြီး မော်တာနဲ့ တိုက်ခိုက်ခံရတဲ့အတွက် လုံခြုံရေးစိုးရိမ်ရတယ်လို့ ဓါတုလက်နက် ကျွမ်းကျင်သူ တွေက ပြောဆို လိုက်ပါတယ်။ လုံခြုံရေး စိတ်မချရပေမဲ့ စစ်ဆေးရေးမှူးတွေ အလုပ်မပျက်ကြတဲ့ အကြောင်း ဆီးရီးယားရောက် OPCW အဖွဲ့ရဲ့ အကြီးတန်းတာဝန်ရှိသူ Malik Ellahi က ပြောဆိုလိုက် ပါတယ်။

OPCW အဖွဲ့ဟာ ဆီးရီးယားက တရားဝင်ကြေညာထားတဲ့ ဓါတုလက်နက် အစီအစဉ်ရှိတဲ့နေရာ ၁၁ နေရာ ကိုသွားရောက်စစ်ဆေးခဲ့ပြီး ၆ နေရာမှာ စက်ကရိယာယန္တယားတွေကို ဖျက်ဆီးခဲ့ပြီးဖြစ်တယ် လို့ ပြောပါတယ်။ OPCW ကိုယ်စားလှယ်အဖွဲ့ဟာ ပထမအကြော့ စစ်ဆေးရေးကို နိုဝင်ဘာလ ၁ ရက်နေ့မှာ အပြီးသတ်မှာဖြစ်ပြီး ရှေ့နှစ်လယ်ကျင်တော့ ဆီးရီးယားရဲ့ ဓါတုလက်နက်အားလုံးကို ဖျက်ဆီးနိုင်ဖို့ ခန့်မှန်းထားပါတယ်။

တချိန်တည်းမှာဘဲ အဆိုပြုထားတာကြာပြီဖြစ်တဲ့ ငြိမ်းချမ်းရေး ညီလာခံကို နိုဝင်ဘာလ ၂၃ နဲ့ ၂၄ ရက်နေ့မှာကျင်းပမယ်လို့ ဆီးရီးယား ဒုဝန်ကြီးချုပ် Qadri Jamil ကပြောပါတယ်။