Boston ဗုံးခွဲသူကို ဖမ်းမိပြီ

ဘော့စ်တွန်မာရသွန်ပြေးပွဲမှာ Peessure cooker ကိုအသုံးပြုပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သူ အသက် (၁၉) နှစ်အရွယ် Dzhokhar Tsarnaev

Boston ဗုံးခွဲသူအဖြစ် သံသယရှိသူ ဒုတိယတယောက်ကို လုံခြုံရေး အာဏာပိုင်တွေက တနေ့လုံး ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ခဲ့ပြီးနောက် သောကြာနေ့ ညပိုင်းမှာ အရှင်ဖမ်းမိသွားပါပြီ။

Boston မြို့ Watertown ရပ်ကွက်ထဲက အိမ်တအိမ်ရဲ့ခြံထဲမှာထားတဲ့ မော်တော် ဘုတ်ပေါ်မှာ အသက် ၁၉ နှစ်အရွယ် Dzhokhar Tsarnaev ကို ရဲတွေက ဖမ်းမိသွားတာဖြစ်ပါတယ်။

သူမှာ ဒဏ်ရရထားသလားဆိုတာကိုတော့ အခုအချိန်မှာ တိတိကျကျ မသိရသေးပါဘူး။ သူ့ရဲ့အကို Tamerlan ကတော့ ကြာသပတေးနေ့ညပိုင်းက ရဲတွေနဲ့ အပြန်အလှန်ပြစ်ခတ်မှုအတွင်းမှာ သေဆုံးသွားခဲ့ပါတယ်။

Dzhokhar A. Tsarnaev Cambridge Rindge နဲ့ Latin အထက်တန်းကျောင်း အောင်စဉ်။