တံတိုင်းအသုံးစရိတ် ခွင့်ပြုချက်ပါ ဥပဒေကြမ်း ကန်အောက်လွှတ်တော်အတည်ပြု

The U.S. Capitol is seen reflected after rain in Washington, Dec. 21, 2018.

မက္ကဆီကို နယ်စပ်မှာ တံတိုင်းဆောက်ဖို့ အမေရိကန်သမ္မတ Trump တောင်းဆိုထားတဲ့ ဒေါ်လာ ၅ ဘီလျံကို ပေးဖို့ ယာယီအသုံးစရိတ်ဥပဒေကြမ်းကို ရီပါဘလစ်ကန်ဦးဆောင်တဲ့ အောက်လွှတ်တော်က အတည်ပြု လိုက်ပါတယ်။

သောကြာနေ့ညသန်းခေါင်မှာ အစိုးရယန္တရားတွေအားလုံး ပိတ်ရမယ့်အရေးကနေ ရှောင်ရှားဖို့ အောက် လွှတ်တော်က ထောက်ခံမဲ ၂၁၇ မဲ၊ ကန့်ကွက်မဲ ၁၈၅ မဲနဲ့ ကြာသပတေးနေ့မှာ အတည်ပြုလိုက်တာပါ။ တကယ်လို့ အစိုးရယန္တရားတွေ ရပ်လိုက်ရမယ်ဆိုရင် အစိုးရဝန်ထမ်း ၈ သိန်းလောက်ဟာ ဒီရက်တွေအတွက် လစာမဲ့ အလုပ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

နောက်တဆင့်ကတော့ ဒီယာယီအသုံးစရိတ်ဥပဒေကြမ်းကို အထက်လွှတ်တော်ဆီ ပေးပို့ရမှာ ဖြစ်ပြီး အထက်လွှတ်တော်က အတည်ပြုဖို့ မဖြစ်နိုင်ဘူးလို့ ခန့်မှန်းထားကြတာပါ။ မက္ကဆီကိုနယ်စပ်တံတိုင်းအတွက်လိုတဲ့ ဒေါ်လာ ၅ ဘီလျံကို ထုတ်မပေးလို့ အစိုးယန္တရားရပ်သွားရင် သူတာဝန်ယူမယ်လို့ ပြောခဲ့တဲ့ သမ္မတ Trump ဟာ ဒီကြာသပတေးနေ့ အောက်လွှတ်တော်က ဥပဒေကြမ်း အတည်ပြုမယ့်ထဲမှာ တံတိုင်းအတွက် စရိတ်မပါရင် သူဒီဥပဒေကြမ်းမှာ သူ လက်မှတ်မထိုးပေးနိုင်ဘူးလို့လည်း Trump က ပြောခဲ့တာပါ။

Your browser doesn’t support HTML5

တံတိုင်းအသုံးစရိတ် ခွင့်ပြုချက်ပါ ဥပဒေကြမ်း ကန်အောက်လွှတ်တော်အတည်ပြု