ဖင်လန်နိုင်ငံ Turku မှာ လူအတော်များများ ဓားနဲ့ထိုး အတိုက်ခိုက်ခံရ

လူအတော်များများ ဓားနဲ့ထိုး အတိုက်ခိုက်ခံရတဲ့ ဖင်လန်နိုင်ငံ Turku ။ (သြဂုတ် ၁၈-၂၀၁၇)

ဖင်လန်နိုင်ငံ အနောက်တောင်ဖက်က ကမ်းရိုးတန်းမြို့တမြို့ဖြစ်တဲ့ Turku မြို့မှာ လူတော်တော်များများ ဓားနဲ့ထိုး တိုက်ခိုက်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မသင်္ကာသူ တဦးကိုတော့ ရဲတပ်ဖွဲ့က ခြေထောက်ကို ပစ်ခတ်ပြီး ဖမ်းဆီးထားကြောင်းလည်း ပြောဆိုခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က တစုံတရာ မပြောပေမဲ့၊ မြို့လည်က အခင်းဖြစ်ရာ နေရာကို သွားလာမှုတွေ ရှောင်ကျဉ်ဖို့ သတိပေးထားပါတယ်။ ဓားနဲ့ထိုး တိုက်ခိုက်မှု နောက်ဆက်တွဲအဖြစ် ကီလိုမီတာ ၁၄၀ လောက် အကွာမှာရှိတဲ့ Helsinki မြို့တော်က လေဆိပ်နဲ့ ဘူတာတွေမှာလည်း လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။