ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော် မနေ့က နိုဝင်ဘာ ၁၁ ရက်နေ့က စတင် ကျင်းပပါတယ်။ဒီနှစ်ပွဲတော်ကို နိုဝင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်အထိ သီတင်းတပတ်တာ အဝေရာ ကွင်းမှာကျင်းပသွားမှာပါ။
ဒီနှစ် မီးပုံးပျံပွဲတော်မှာ ညမီးကျည် ၂၆ လုံး၊ စိန်နားပန် ၂၄ လုံးနဲ့ နေ့လွှတ်မီးပုံးပျံ ၁၀၀ ကျော် လွှတ်တင်သွားမယ့်အကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ရိုးရာမီးပုံးပျံပညာရှင်များအသင်းက ပြော ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ နှစ်နောက်ပိုင်း ၂ နှစ်လောက် ရပ်နားခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကမှ မီးပုံးပျံပွဲတော် ပြန်လည် ကျင်းပတာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေရဲ့ ရိုးရာ ယုံကြည်မှုအရ ဘုရားရှင်ကို ဆီမီးထွန်းညှိ ပူဇော်တဲ့ပွဲဖြစ်သလို ကထိန်သင်္ကန်း ကပ်လှူခွင့်ရတဲ့နောက်ဆုံးနေ့ ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ မတိုင်ခင် တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပတာပါ။ မီးပုံးပျံလွှတ်တင်တဲ့ပွဲနဲ့အတူ ကထိန်သင်္ကန်း၊ မသိုးသင်္ကန်းကပ်လှူပွဲ၊ ကျီးမနိုးပွဲ၊ စုပေါင်းမဟာဘုံကထိန်လှည့်လှည်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။
Your browser doesn’t support HTML5