ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ အတိုက်အခံပါတီ အနိုင်ရဖို့မျှော်လင့်

Bangladesh ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ဓာတ်ပုံပြထားတဲ့ လမ်ေးဘးလက်ဆောင်ပစ္စည်း အရောင်းဆိုင်။

ဘင်္ဂၤလားဒေ့ရှ်ု ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက သူ့လက်ထက်မှာ စီးပွါးရေးတွေ သိသိသာသာ တိုးတက်လာတဲ့ အပေါ်အခြေခံပြီး ခုကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ သုံးကြိမ်မြောက် ဆက်တိုက်အနိုင်ရမယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့်လည်း အတိုက်အခံတွေကတော့ မစ္စ ဟာဆီနာရဲ့ အာဏာရှင်ဆန်မှုနဲ့ သူ့လုပ်ရပ်ကြောင့် ဒီမိုကရေစီရေး အာပျော့လာစေတယ်ဆိုပြီး စွပ်စွဲဝေဖန်ကြပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဟာဆီနာရဲ့ အာဏာရ Awami League ပါတီနဲ့ ပြီးခဲ့တဲ့ ၃ လလောက်ကမှ ဖွဲ့စည်းလိုက်တဲ့ အတိုက်အခံ National Unity Front NUF ပါတီတို့ ယှဉ်ပြိုင်အရွေးခံမှာဖြစ်ပါတယ်။

NUF ပါတီကိုတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း အသက် ၈၂ အရွယ် Kamal Hossain ဦးဆောင် ပါတယ်။ မစ္စတာ Hossain ဟာ ဝန်ကြီးချုပ် ဟာဆီနာရဲ့ ဖခင်၊ ၁၉၇၅ ခုနှစ်မှာလုပ်ကြံခံရတုန်းက သူ့ရဲ့ ဥရောပခရီးစဉ်ကို ဖျက်ပြီး မစ္စဟာဆီနာဘေးမှာ အားပေးနေခဲ့သူလည်းဖြစ်ပါတယ်။ မစ္စဟာဆီနာရဲ့ ဖခင်ဟာ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲမှာ ဦးဆောင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

အခြားအတိုင်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ကို ဦးဆောင်တဲ့ ဝန်ကြီးချုပ်ဟောင်း Khaleda Zia ကတော့ အကျင့်ပျက်ချစားမှုစွပ်စွဲချက်နဲ့ ထောင်ကျခံနေရပြီး ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်လည်း ပိတ်ပိင်ခံထားရတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ အတိုက်အခံပါတီ အနိုင်ရဖို့မျှော်လင့်