အမေရိကန် Fort Hood စစ်စခန်း ပစ်ခတ်မှု တပ်သား ၃ ဦး သေဆုံး

စစ်အခြေစိုက်စခန်းရဲ့ တပ်မှုးကြီး ဒုတိယဗိုလ်ချုပ်ကြီး Mark Milley ပစ်ခတ်မှုနဲ့ပတ်သက်လို့ စာနယ်ဇင်း ရှင်းလင်း (ဧပြီ ၃၊ ၂၀၁၄)

အမေရိကန်ပြည်ထောင်စု အလယ်ပိုင်း Texas ပြည်နယ်မှာတည်ရှိတဲ့ Fort Hood စစ်စခန်းမှာ စစ်သား တယောက်က တခြား စစ်သား ၃ ယောက်ကို ပစ်သတ်ခဲ့ပြီး သူ့ကိုယ်သူ အဆုံး စီရင်သွားပါတယ်၊ အဲ့ဒီစစ်သားရဲ့ ပစ်ခတ်မှုကြောင့် နောက်ထပ် ၁၆ ယောက်ထက် မနည်းလည်း ဒဏ်ရာရသွားပါတယ်။ သေနတ်သမားကို တပ်ထိန်းအမျိုးသမီးတယောက်က ချဉ်းကပ်စဉ် မှာ သေနတ်သမားက သူ့ရဲ့ pistol သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ စစ်အခြေစိုက်စခန်းရဲ့ တပ်မှုးကြီး ဒုတိယဗိုလ်ချုပ်ကြီး Mark Milley က ပြောပါတယ်။ အစဉ်လိုက် ဘာဖြစ်ခဲ့သလဲ ဘယ်အချိန်မှာ
ဘာဖြစ်ခဲ့သလဲ ဆိုတာကို အတိအကျ မသိရသေးပေမဲ့၊ တပ်ဖွဲ့တခုရဲ့
အဆောက်အဦးတွေထဲ သေနတ်သမားက ဝင်ပစ်ခဲ့ပြီး နောက်ဆုံး Fort Hood
တပ်ထိန်းနဲ့ ထိပ်တိုက်တွေ့စဉ်မှာ သူ့ကိုယ်သူ ပစ်ခတ်ခဲ့တဲ့
ဒဏ်ရာနဲ့သေဆုံးသွားတယ်လို့ ပြောပါတယ်။

ဘာကြောင့် ခုလို သူ ပစ်ခတ်သလဲဆိုတာကိုတော့ မသိရသေးပါဘူး၊ ဒါပေမဲ့ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တယ်လို့တော့ အာဏာပိုင်တွေက မထင်ကြပါဘူး။ သေနတ်နဲ့ပစ်ခဲ့သူဟာ Ivan Lopez ဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ သူဟာ ၂၀၁၁ ခုနှစ်တုန်းက အီရတ်က အမေရိကန် တိုက်ခိုက်ရေး တပ်မှာ ၄လတာဝန်ထမ်းခဲ့ပြီး စစ်ပြန်တွေ ခံစားရတဲ့ စိတ်ဒဏ်ကို ကုသခံနေရ သူဖြစ်တယ် လို့လဲ တပ်မှုးကြီး ဒုတိယဗိုလ်ချုပ်ကြီး Milley ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်မှု အတွက် စွန်လွှတ် အနစ်နာခံကြတဲ့ စစ်သားတွေရဲ့ မိသားစုတွေမှာ ဒါမျိုးထပ်ကြုံရတဲ့အတွက် သူ့အနေနဲ့ အင်မတန် စိတ်မကောင်းဖြစ်ရတယ်လို့ သေဆုံး ဒဏ်ရာရသူတွေအတွက် သမ္မတ အိုဘားမားက ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်၊