Michigan တရားရုံးမှာ ပစ်ခတ်မှု ဖြစ်ပွား၊ လူ၃ဦး သေဆုံး

ပစ်ခတ်မှု ဖြစ်ပွားခဲ့သော မစ်ရှီဂန် ပြည်နယ် Saint Joseph မြို့ Berrien County တရားရုံး ရှေ့တွင် ဂျူလိုင်လ ၁၁ရက် နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ ဓါတ်ပုံ - (Tasos Katopodis/Getty Images/AFP)

အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း Michigan ပြည်နယ်က မြို့နယ် တရားရုံးတခုမှာ ပစ်ခတ်မှုကြောင့် ၃ ယောက်သေဆုံးသွားပါတယ်။

တရားရုံးကို ရုံးထုတ်လာတဲ့ အကျဉ်းသား တယောက်က လက်ထောက် ရဲအရာရှိ တယောက်ဆီက သေနတ်ကို လုယူပြီး ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားသူ ၂ ယောက်က တရာရုံးစာရေးတွေ ဖြစ်ကြပြီး နောက်သေဆုံးသူ တယောက် ကတော့ သေနတ်သမားဖြစ်တယ်လို့ Berrien မြို့နယ် ရဲအရာရှိ Paul Bailey ကပြောပါတယ်။

လက်ထောက် ရဲအရာရှိလဲ သေနတ်ဒဏ်ရာ ရခဲ့ပေမဲ့ အသက်အန္တရာယ် မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ အရပ်သားတချို့လဲ St. Joseph မြို့က ဆေးရုံမှာ ကုသမှု ခံယူနေကြရပေမဲ့ ဘယ်လို ဒဏ်ရာမျိုးတွေနဲ့ လဲဆိုတာ ရှင်းရှင်း မသိရသေးပါဘူး။

ရုံးထုတ်လာတဲ့ အကျဉ်းသားကို ချုပ်နှောင်ထားတဲ့ အခန်းထဲကနေ အနားက တရားခွင်ဆီကို လက်ထောက် ရဲအရာရှိနဲ့ တရားရုံး စာရေး ၂ ယောက်က ခေါ်လာ စဉ်မှာ ပစ်ခတ်မှု ဖြစ်ပွား ခဲ့တာလို့ ရဲအရာရှိ Bailey ကပြောပါတယ်။ တရားရုံး အဆောက်အဦး တတိယထပ်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အမည်မဖော်တဲ့ အကျဉ်းသားဟာ သေနတ်လုပြီး မပြစ်ခတ်ခင် အရင် ထိုးကြိတ်ခဲ့တယ် လို့ ပြောပါတယ်။ သေနတ်ဒဏ်ရာရသွားကြတဲ့ အနားမှာ ရှိနေကြတဲ့ ရဲတွေရဲ့ ပြန်လည် ပစ်ခတ်မှုကြောင့် အကျဉ်းသားသေဆုံး သွားခဲ့ပါတယ်။

ဖြစ်စဉ် အသေးစိတ်ကို စုံစမ်း စစ်ဆေးနေတယ်လို့ Berrien မြို့နယ် ရဲအရာရှိ ကပြောပါတယ်။

Your browser doesn’t support HTML5

Michigan တရားရုံးမှာ ပစ်ခတ်မှု ဖြစ်ပွား၊ လူ၃ဦး သေဆုံး