အမေရိကန်အစိုးရ ယန္တရားတချို့ ရပ်ထားရတာ ၁၅ ရက်ထဲရောက်လာချိန်မှာပဲ အဲဒီလုပ်ငန်းတွေ ပြန် လည်ပတ်နိုင်ရေးအတွက် လွှတ်တော်အမတ်တွေနဲ့ ဒုသမ္မတ Mike Pence ဦးဆောင်တဲ့ အိမ်ဖြူတော် တာဝန်ရှိသူတွေ မနေ့ စနေနေ့က ညှိနှိုင်းခဲ့ကြပါတယ်။
အမေရိကန်မက္ကဆီကို နယ်စပ်မှာ တံတိုင်းကာရေးအတွက်ဆိုပြီး သမ္မတ Donald Trump တောင်းထားတဲ့ အစိုးရ အသုံးစရိတ်မှာ သဘောတူညီမှု မရကြတာကြောင့် အစိုးရလုပ်ငန်းတချို့ရပ်ထားရတဲ့ အခြေဆိုက်နေတာပါ။
အစိုးရလုပ်ငန်းတချို့ရပ်ထားရတဲ့ကိစ္စကို ဒီမိုကရက်တွေဘက်က အချိန်တိုအတွင်း အဆုံးသတ် ပေးနိုင်ပါတယ် လို့ စနေနေ့မနက်ကပဲ သမ္မတ Trump က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဒီမိုကရက်တို့လုပ်ဖို့လိုအပ်တာက တရားမဝင်လူကုန်ကူးသူတွေ၊ ရာဇဝတ်သားတွေနဲ့ မူးယစ်ဆေးဝါးကုန်ကူးသူတွေကလွဲလို့ လူတိုင်းလိုလား နေတဲ့ တံတိုင်းကာရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် အတည်ပြုပေးလိုက်ဖို့ပဲလို တယ်ဆိုပြီးရေးသားခဲ့တာပါ။
နယ်စပ်တံတိုင်းကာဖို့ သမ္မတ Trump ဒေါ်လာ ၅ ဘီလီယံ တောင်းခံထားပြီး အစိုးရလုပ်ငန်းတွေ ပြန်ပြီး လည် ပတ်နိုင်ဖို့နဲ့ နယ်စပ်လုံခြုံရေး အသုံးစရိတ်အတွက် ဆက်လက် ညှိနှိုင်းနေဆဲ ကာလမှာ အမိမြေလုံခြုံရေး ဝန်ကြီးဌာနကိုရက်ပေါင်း ၃၀ လည်ပတ်နိုင်မယ့် အစီအစဉ်တရပ်ကို အတိုက်အခံ ဒီမိုကရက်ပါတီက အောက် လွှတ်တော် ဥက္ကဋ္ဌသစ် ဖြစ်လာတဲ့ Nancy Pelosi က ကမ်းလှမ်းခဲ့တာကိုလည်း သမ္မတဘက်က ပယ်ချခဲ့ပါ တယ်။
လတ်တလောမှာ အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းထားရတဲ့အတွက် အစိုးရဝန်ထမ်း ၈ သိန်းလောက် အလုပ်ဆင်းခွင့်မရတာ၊ ဒါမှမဟုတ် အလုပ်ဆင်းပေမဲ့ လစာမရကြပဲ ဖြစ်နေရသလို၊ အစိုးရဘဏ္ဍာငွေနဲ့ လည်ပတ်နေတဲ့ အမျိုးသား အပမ်းဖြေဥယျာဉ်လို နေရာတွေလည်း ပိတ်ထားရပါတယ်။
Your browser doesn’t support HTML5