မြန်မာအိမ်အကူတွေ စင်္ကာပူမှာသွားလုပ်ခွင့် ပြန်ခွင့်ပြုပြီ

Zin Mar Oo- Singapore Myanmar maid suicide

အိမ်အကူအဖြစ် အလုပ်လုပ်မယ့် မြန်မာအလုပ်သမားတွေ စင်္ကာပူနိုင်ငံကို စေလွှတ်နေမှုု ပိတ်ပင်ထားတာကို မြန်မာနိုင်ငံက ရုပ်သိမ်းလိုက်ပြီလို့ စင်ကာပူက The Ttrait Times သတင်းစာက ပြောပါတယ်။

မြန်မာတိုင်းမ်း သတင်းစာကို ကိုးကားပြီး အလုပ်သမားတွေအပေါ် မတရားအနိုင်ကျင့် နှိပ် စက်မှုကို ကာကွယ်ဖို့ ငါးနှစ်ကြာ ို ပိတ်ပင်ထားတာကို မြန်မာနိုင်ငံဘက်က အဆုံးသတ် ခဲ့ပြီလို့ ပြောပါတယ်။ အိမ်အကူ အလုပ်သမားတွေကို စင်ကာပူအပါအဝင် ထိုင်း၊ ဟောင်ကောင်နဲ့ မကာအိုတို့ဆီ သွားမှာကို ပိတ်ပင်ထားခဲ့ရာကနေ အခု စင်ကာပူနိုင်ငံကို သွားဖို့ ပထမဆုံးအကြိမ် စမ်းသပ်တဲ့အနေနဲ့မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက ပြန်လည် ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်း မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ကို ကိုးကားပြီး ပြောပါတယ်။

အဲဒီ အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးပီတာညွန့်မောင်က ပိတ်ပင်မှုကို ရုပ်သိမ်းပေမဲ့လည်း အိမ်အကူ ပြည်ပ အလုပ် အကိုင် တွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေနဲ့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားဦးမှာ ဖြစ်တယ်၊၊ အရင်က ပိတ်ပင်ထားပေမဲ့လည်း အလုပ်သမားတွေက တရားမဝင် သွားနေဆဲပါလို့ ဆိုပါတယ်။

Your browser doesn’t support HTML5

မြန်မာအိမ်အကူတွေ စင်္ကာပူမှာသွားလုပ်ခွင့် ပြန်ခွင့်ပြုပြီ