အမေရိကားမှာ လူမှုကွန်ယက်က သတင်းရသူများပြား

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်သူ ၆၇ရာခိုင်နှုန်း က သတင်းတချို့တဝက်ကို အနည်းဆုံးလူမှုကွန်ယက်တွေကနေ ရရှိကြတယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။

Pew သုတေသနအဖွဲ့က ထုတ်ပြန်လိုက်တဲ့စစ်တမ်းအရ လူမှုကွန်ယက်ပေါ်က သတင်းတွေရယူသူဟာ ၂၀၁၆ ခုနှစ်အစောပိုင်းကထက် ပိုများလာတာဖြစ်ပါတယ်။ သတင်းတချို့တဝက်ကို လူမှုကွန်ယက်ပေါ်က ရသူက ၂၀၁၆ ခုနှစ်တုန်းက ၆၂% ပဲရှိပါတယ်။

အားလုံးကိုကြည့်ရင် သိသိသာပြောင်းလဲသွားတာမဟုတ်ပေမဲ့ တချို့နေရာတွေမှာ လူမှုကွန်ယက်သုံးစွဲသူ သိသိသာများလာပါတယ်။ လူဖြူမဟုတ်တဲ့ အရွယ်ရောက်သူ ၇၄% က သတင်းတွေကို လူမှုကွန်ယက်ကနေ ရယူတယ်လို့ပြောပါတယ်။

ဒါဟာ မနှစ်ကထက် ၁၀% တိုးလာတာဖြစ်ပါတယ်။ အသက် ၅၀ နဲ့အထက်ပိုင်းမှာလည်း လူမှုကွန်ယက်ကနေသတင်းရယူသူဟာ မနှစ်ကထက် ၁၀% တိုးလာပြီး ၅၅% ရှိပါတယ်။ Twitter, Snapchat နဲ့ YouTube လူမှုကွန်ယက် Website တွေကနေ သတင်းရယူသူတွေလည်း ပိုများလာခဲ့ပါတယ်။ Facebook ကတော့ သုံးစွဲသူအရေအတွက်များတဲ့အတွက် လူမှုကွန်ယက်တွေထဲမှာ ထိပ်တန်းသတင်းဇစ်မြစ်အဖြစ် ရှေ့ပြေးနေတယ်လို့ Pew စစ်တမ်းက ပြောပါတယ်။

Your browser doesn’t support HTML5

အမေရိကားမှာ လူမှုကွန်ယက်က သတင်းရသူများပြား