နေရောင်ခြည် စွမ်းအင် သက်သက်နဲ့ ကမ္ဘာပတ်ပျံသန်းတဲ့ Solar Impulse 2 လေယာဉ် ဟာ သူ့ရဲ့ ခရီးတထောက်အဖြစ် သောကြာနေ့က နယူးယောက်မြို့ ကိုဖြတ်ပြီး ပျံသန်းခဲ့ပါတယ်။
Solar Impulse လေယာဉ်ဟာ Pennsylvania ပြည်နယ်က Lehigh Valley ကနေ သောကြာနေ့ နှောင်းပိုင်းက ထွက်ခွာ လာခဲ့တာဖြစ်ပြီး John F.Kennedy အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကို စနေနေ့ မနက်အစောပိုင်း မဆင်းသက်ခင် နယူးယောက် မြို့ပေါ်က လေဘာတီရုပ်တုပေါ်ကလည်း ဖြတ်ပြီးပျံသန်းခဲ့တာပါ။
ဒီခရီးစဉ်ကိုလည်း ဇွစ်ဇာလန်လေယာဉ်မှုး Bertrand Piccard နဲ့ Andre Borschberg ပူးတွဲမောင်းနှင် ပျံသန်း ကြတာ ဖြစ်ပါတယ်။
သန့်စင်စွမ်းအင် နည်းပညာတွေကို အသုံးပြုပြီး လေယာဉ်ပျံသန်းနိုင်တယ် ဆိုတာကို ပြဖို့ ခုလို လောင်စာဆီမသုံးပဲ ပျံသန်းပြခဲ့တာလို့ စီစဉ်သူတွေက ပြောပါတယ်။
သူတို့ရဲ့ အဆုံးစွန် ရည်မှန်းချက်ကတော့ ၂၀၁၅ မတ်လက လေယာဉ်စတင် ပျံသန်းခဲ့တဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ Abu Dhabi ကိုပြန်ပြီး ပျံသန်းသွားဖို့ဖြစ်ပါတယ်။
ကမ္ဘာပတ် ခရီးစဉ်အတွင်း အိုမန်၊ မြန်မာ၊ တရုတ်၊ ဂျပန်နဲ့ ဟာဝိုင်ယီမှာလည်း ဆင်းသက်ခဲ့ ပါတယ်။
Your browser doesn’t support HTML5
နေရောင်ခြည်သုံး လေယာဉ် နယူးယောက်မြို့ပေါ် ဖြတ်ပျံ