မြောက်ကိုးရီးယားတွေနဲ့ ဒုံးကျည်ထုတ်လုပ်နေတဲ့ ကပစ(၁၀) (အပိုင်း - ၂)

ဦးမြင့်စိုး။ ။ စက်ရုံဆောက်တဲ့ စီမံကိန်းက၊ ဒီလုပ်ငန်း မအောင်မြင်မချင်း ဆောက်ရတာဆိုတော၊့ ခုထိ လဲဘဲ၊ အဲဒီ နိုင်ငံခြားသားတွေ ရှိနေဆဲပါဘဲ။ ကျနော်တို့ စက်ရုံလုပ်ငန်း တွေ ဆောက်လုပ်ပြီးတဲ့ အချိန်ထိလဲ၊ ဒီထုတ်လုပ်တဲ့ပစ္စည်းတွေ စမ်းသပ်လို့မအောင်မြင်မချင်း၊ သူတို့က စက်ရုံတွေမှာ အမြဲတမ်း သွားလိုက်လာ လိုက်၊ ရှိနေပါတယ်။ အဝင်အထွက် ရှိနေတယ်၊ သူတို့က။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဆရာကြီး၊ အဲဒီတော့၊ မြောက်ကိုရီးယားတွေကို ဒီ အောက်လမ်းကနေ သွင်း လာပြီးတော့၊ ရောက်လာတဲ့အခါမှာ၊ ဆက်ပြီးတော့ ဖြစ်ပေါ်တဲ့ ကိစ္စ တွေကို၊ ဆရာကြီး ဘယ်လောက်များ သိရှိထားပါသလဲ။

ဦးမြင့်စိုး။ ။ ကျနော်သိသလောက်ကတော့၊ အခု ဒီနေ့ထိအောင်လည်း ဒီစက်ရုံလုပ်ငန်းတွေကို၊ ထုတ် လုပ်မှုလုပ်ငန်းတွေကိုတော့၊ သုတေသနနဲ့တွဲပြီးတော့မှ၊ လုပ်နေတာ ဘဲ ရှိပါသေးတယ်။ လုပ်ငန်းတွေနဲ့ပတ် သက်လို့ အောင်မြင်တာလဲ မရှိသေးပါဘူး ခင်ဗျ။ ဒီစက်ရုံကတော့ ၂၀၀၃-၂၀၀၄ဘဏ္ဍာရေးနှစ်မှာ စက်ရုံတွေ၊ အားလုံးကိုတော့ ဆောက်လုပ် ပြီးစီးသွားပါပြီ။ ကျနော်တို့ အဲဒီ ဒုံးကျည်ထုတ်လုပ်တဲ့အပိုင်းကို၊ ပြောပြမယ်ဆို ရင်၊ အပိုင်း လေးပိုင်းခွဲတဲ့နေရာမှာ ခေါင်းပိုင်းရယ်၊ အလယ်ပိုင်းရယ်၊ နောက်ပြီးတော့ ယမ်းပိုင်းရယ်၊ အမြီးပိုင်းရယ် ဆိုပြီးတော့မှ၊ ကျနော်တို့ ခွဲတယ်။ အဲဒီ ခွဲတဲ့အထဲမှာ နောက်ဆုံး အမြီးပိုင်းက၊ ဒီ ဒုံးကျည်တစ်ခုလုံးကို သယ်ဆောင်ပြီးတော့မှ၊ လိုရာကိုရောက်အောင် သယ်ဆောင် ပေးမယ့်၊ ကိရိယာတွေ တပ်ဆင်ရတဲ့အချိန်မှာ၊ အဲဒီ နောက်ဆုံး အမြီး ဒလက်က၊ အရေးကြီးဆုံးဖြစ်တဲ့အတွက်၊ အဲဒီ ဒလက်က အဲဒီရဲ ့နည်းပညာကို၊ ရုရှကလဲ မရဘူး၊ တရုတ်က လဲ မရဘူး၊ နောက်ပြီးတော့ တောင်ကိုရီးယားကလဲ မရဘူး။ မရတဲ့အတွက်၊ နောက်ဆုံး အဲဒီအတွက်ကို၊ ကျနော်တို့က မြောက်ကိုရီးယားနိုင်ငံသားတွေကို ခေါ်ပြီးမှ၊ လုပ်တာ။ ၁၉၉၈ ခုနှစ်ကနေ စပြီး တော့မှ၊ မြောက်ကိုရီးယားနိုင်ငံသားတွေ၊ ကျနော်တို့၊ ရောက်လာတာကို တွေ့ရတယ်။

ဦးရော်နီညိမ်း။ ။ ရောက်လာတော့၊ သူတို့က လားရှိုးကနေတဆင့်၊ ဒီအေ့ရှမြောက်တိုင်းစစ်ဌာနချုပ်ရဲ ့ အစီအစဉ်နဲ့ အဆင့်ဆင့် တခါ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တခါ၊ ဆရာကြီးတို့ ဆီကိုရောက်လာတာပေါ့။ အဲ့ဒီအချိန်က တိုင်းမှူးတွေက ဘယ်သူတွေပါလဲခင်ဗျ။ အေ့ရှမြောက်တိုင်းတို့၊ အလယ်ပိုင်းတိုင်းတို့က။

ဦးမြင့်စိုး။ ။ အဲ့ဒီ အချိန်တုန်းက၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးချုပ် ရဲမြင့်ပါ ခင်ဗျ။ အရင် ရဲမြင့်ပါ ခင်ဗျ၊ အခုရဲမြင့်တော့ မဟုတ်ဘူးခင်ဗျ။

ဦးရော်နီညိမ်း။ ။ အခု အနားယူသွားတဲ့ ရဲမြင့်ကြီး၊ ဟုတ်ကဲ့။

ဦးမြင့်စိုး။ ။ အဲဒီမှာ၊ အဲဒီ နိုင်ငံခြားသားတွေကို သွားရောက်ပြီးတော့မှ ခေါ်ဆောင်တာက၊ ကျနော် တို့ မြန်မာနိုင်ငံထဲ ရောက်တဲ့အထိအောင်က၊ ကျနော်တို့ဒီ လမ်းကြောင်း လုံခြုံရေးအနေနဲ့၊ ကျနော်တို့စက်ရုံက ဝန်ထမ်းတွေနဲ့၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံးက ဝန်ထမ်းတွေ သွားပြီးတော့မှ၊ တပ် ကြပ်ကြီးတွေ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်တွေ သွားပြီးတော့မှ ကြိုဆိုပြီးတော့မှ၊ ကျနော်တို့စက်ရုံကို ခေါ်သွင်းလာတာဖြစ်တယ်။ လမ်းကြောင်းလုံခြုံရေးကတော့ သူတို့ဒေသ အပိုင်၊ အပိုင် အလိုက်၊ အပိုင်း လိုက် တာဝန်ယူထားတာ ရှိပါတယ်။ ကျနော်တို့ မူဆယ်ဘက်ကနေ သွားခေါ်ကြတာ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့၊ မူဆယ်ဘက်ကဆိုတော့၊ အေ့ရှမြောက်တိုင်းစစ်ဌာနချုပ်ကရော မသိဘူး လား ခင်ဗျ။

ဦးမြင့်စိုး။ ။ သူတို့ တိုင်းမှူးတွေက သိတော့ သိတယ်။ ကျနော်တို့၊ လမ်းကြောင်းလုံခြုံရေးကို ကျနော်တို့က၊ အကုန်လုံး သူတို့ကိုတော့ message ပို့ထားရပါတယ်၊ အဲဒီ က။ ပို့ထားတဲ့အတွက်၊ သူတို့ကလည်း၊ အဲ့ဒီ လမ်းကြောင်းလုံခြုံရေးကိုတော့ ယူပေးတယ်။ ဒါပေမဲ့၊ သူတို့(မြောက်ကိုးရီးယား)တွေကို၊ သယ်ယူပို့ ဆောင်တာကျတော့၊ ကျနော်တို့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးကဘ၊ဲ ကျနော်တို့၊ ဆောင်ရွက်ပေးရပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲ့ဒီတော့ မြောက်ကိုရီးယားတွေ၊ စစချင်း၊ လူပေါင်း ဘယ်နှစ်ယောက်လောက် ရောက်လာပါသလဲ။ မိသားစုတွေရော ပါလာသေးလား ခင်ဗျ။ သူတို့ကရော၊ ဘယ်လိုအဆင့်တွေ လဲ။ အရာရှိတွေလား၊ ပညာရှင်တွေလား၊ ရိုးရိုး ဒီ မြောက်ကိုရီးယားစစ်တပ်က အခြားအဆင့်တွေလား။ ဘယ် လိုပါလဲ ခင်ဗျ။

ဦးမြင့်စိုး။ ။ သူတို့ ကပညာရှင်တွေလို့ ပြောပါတယ်ခင်ဗျ။ မိသားစု မပါဘူး ခင်ဗျ။ သူတို့၊ အမျိုးသား တွေချည်းပဲ အားလုံး လိုက်လာကြတာ၊ အားလုံးလာကြတာ။ တရုတ် ပြည်ကနေလို့။ အယောက် (၃၀) နီးပါး လောက်၊ ကျနော်တို့၊ ပထမအသုတ်ကို ရောက်လာတယ် ခင်ဗျ၊ ဒီ ကပစ(၁၀)ကိုဘဲ။ သူတို့အတွက် စားဖို့ သောက်ဖို့ကျတော့၊ သူတို့၊ မြောက်ကိုရီးယားကနေလို့ ကြို ပို့ထားတဲ့ ပစ္စည်းတွေနဲ့၊ သူတို့လိုအပ်တဲ့ ပစ္စည်းတွေကိုတော့၊ ကျနော်တို့ ရန်ကုန်ကနေ ဝယ်ပေးရတယ်။ မြောက်ကိုရီးယားနဲ့ပတ်သက်လို့တော့ သူတို့ရဲ ့ဒီ အုပ်ချုပ်မှုကိစ္စတွေက၊ အများကြီးတော့ မလုပ်ပေးရဘူးခင်ဗျ။ တောင်ကိုရီးယားကတော့၊ အများကြီး လုပ်ပေးရတယ်။ သူတို့အတွက်၊ အဲကွန်းတွေ ဆင်ပေးရတယ်။ နောက်ပြီးတော့ မိလ္လာကအစ၊ သူတို့ကို သန့်ရှင်းနေအောင် လုပ်ပေးထားရတယ်။ မြောက်ကိုရီးယားတွေကိုတော့၊ အဲ့ဒီ့လောက် လုပ်ပေးစရာ မလိုဘူး။ ပြီး တော့၊ သူတို့ကလဲ တောင်းဆိုတာတွေဘာတွေ မရှိဘူး။ နေစရာနဲ့စားစရာ ရှိရင်၊ အဆင်ပြေတယ်။ သူတို့ကလဲ ခိုးဝှက်ပြီး လာကြတော၊့ သိုသိုသိပ်သိပ်နဲ့ဘဲ၊ သူတို့ နေသွားကြတယ်။ အားလုံးက။

ဦးရောနီညိမ်း။ ။ ဟုတ်ကဲ့ အဲ့ဒီ တောင်ကိုရီးယားတွေ ကရော၊ ဘယ်ကုမ္ပဏီ ကလာတာလဲခင်ဗျ။

ဦးမြင့်စိုး။ ။ ဒေဝူးကုမ္ပဏီ ကပါခင်ဗျ။ ဒေဝူးကုမ္ပဏီကနေလို့၊ ကျနော်တို့ ရန်ကုန်မြို ့ဆီဒိုးနားဟိုတယ် မှာ၊ လပြတ်နဲ့ ငှားထားတာရှိတယ်။ တောင်ကိုရီးယားကနေ၊ မြန်မာ နိုင်ငံကိုရောက်ရင်၊ လေဆိပ်ကနေလို့ ဆီဒိုးနားဟိုတယ်ကို အကုန်ပို့တယ်။ ဆီဒိုးနားဟိုတယ်မှာရောက်နေတဲ့ ပညာရှင်တွေကို၊ ကျနော်တို့ စက်ရုံ ကနေ သွားခေါ်ရတယ်။

ဦးရော်နီညိမ်း။ ။ ဒေဝူး…..ကျနော်တို့ ဒီ ၊ တောင်ကိုရီးယားပညာရှင်တွေက ဒေဝူးကုမ္ပဏီ ကလာတဲ့ ပညာရှင်တွေဟာ၊ ကပစ စက်ရုံတွေမှာ၊ သူတို့ကရော၊ ဘာလုပ်ကြ တာလဲ။ ခုနက၊ ဒုံးကျည်ထုတ်လုပ်ရေး အတွက်ပဲလား။

ဦးမြင့်စိုး။ ။ အဲ့ဒီအတွက်လဲ ဟုတ်တယ်။ နောက်ပြီးတော့ အခြား ကျနော်တို့၊ ဒီ လက်နက်ငယ်မျိုးစုံ နဲ့ ပတ်သတ်လို့လည်း တောင်ကိုးရီးယား အဲဒီ ဒေဝူးကုမ္ပဏီကပဲ၊ အား လုံး ဆက်စပ်ပစ္စည်းတွေ အားလုံးကို၊ သူတို့ကုမ္ပဏီကပဲ ဝယ်တယ်။ ကျနော်တို့ သိရသလောက်ဆိုရင်၊ ကပစ(၁၁)ကလည်းပဲ၊ အဲဒီ ဒေဝူးကုမ္ပဏီ တစ်ခုလုံးပဲ၊ စက်ရုံတစ်ခုလုံးကို၊ အဲ့ဒီ ဒေဝူးကုမ္ပဏီကပဲ၊ အကုန်လုံးဝယ်လိုက်တာ။ ကပစ(၁၁)ရဲ ့လုပ်ငန်းဆောင်တာက၊ ကျနော်တို့ အခု လက်ရှိ G-3/ G-4 ပေါ့။ ဘီအေ(၆၃)/(၆၄) မောင်းပြန်ရိုင်ဖယ်တွေကို၊ အစား ထိုးပြီးတော့မှ MA-1/2/3/4 ဆိုပြီးတော့မှ၊ အဲဒီလေးမျိုးကို ထုတ်လုပ်တဲ့အချိန်မှာ၊ တောင်ကိုရီးယား ဒေဝူးကုမ္ပဏီကနေလို့၊ ကျနော်တို့ဒီ စက်ပစ္စည်းတွေအားလုံးကို ဝယ်ပြီးတော့ မှ၊ ထုတ်လုပ်တာဖြစ်တယ်။ အဲဒီ လုပ်ငန်းအားလုံး ဒီ MA-1/2/3/4 တွေ ပစ်ခတ်နိုင်သည် အထိအောင်ကိုပဲ၊ အဲ့ဒီ တောင်ကိုးရီးယား ဒေဝူးကုမ္ပဏီကနေလို့၊ လုပ်ထားတာပါ။ ကျနော်တို့ ဒုံးကျည် စမလုပ်ခင် အစ၊ အကောင်အထည်ဖော်တဲ့ 120 (၁၂၀ မီလီမီတာ စက်ကြီး)ကိုလည်းပဲ၊ ကားပေါ်ကနေလို့ တဆင့်ပစ်တဲ့ စီမံချက်တွေ လုပ်သေးတယ်။ ဒါပေမဲ့ ကျနော်တို့နိုင်ငံအနေနဲ့ မအောင်မြင်ဘူးခင်ဗျ။ ကျနော်တို့ဆီမှာရှိတဲ့ ပညာရှင်တွေနဲ့၊ နောက်ပြီးတော့ နိုင်ငံခြားကလာတဲ့ ပညာရှင်တွေက၊ အစစ်အမှန်တွေ မဟုတ်ဘူးလို့၊ ကျနော် လည်း ယူဆတယ် ပေါ့လေ။ အဲဒါ ကြောင့်မို့၊ ကျနော်တို့ဆီမှာ ဘာလုပ်ငန်းပဲလုပ်လုပ်၊ ဒီ သုတေသနလုပ်ငန်းတွေ အားလုံးဟာ၊ မအောင်မြင်တာတွေ အများကြီးရှိတယ်။ ဥပမာပြော မယ်ဆိုလို့ရှိရင်၊ ကျနော်တို့120 ကို လင်ခရူဇာကားပေါ်မှာ တင်ပြီး တော့မှ၊ လေးလုံးတင်ပြီးတော့မှ ပစ်ပြလိုက်တဲ့ အချိန်မှာ၊ ကျနော်တို့၊ စက်ပစ်ကွင်းက ကျနော်တို့နိုင်ငံမှာက၊ မိုင်(၁၀၀)ကျော် စက်ပစ်ကွင်းပဲ ရှိတယ်။ အဲ့ဒီစက်ပစ်ကွင်းမှာ၊ ကျနော်တို့၊ ပစ်ခတ်စမ်းသပ်လိုက်တဲ့ အချိန်မှာ၊ အဲဒီ လေးလုံးလုံးဟာ တပြိုင်တည်းမထွက်သွားဘဲနဲ့၊ ဘယ်လိုဖြစ်သွား လဲဆိုတော့၊ နှစ်လုံးက တက်သွားတယ်။ နောက်နှစ်လုံးမှာ၊ တစ်လုံးက ဂျွမ်းပြန်ပြီးတော့၊ ကျနော်တို့၊ ပစ်တဲ့လူတွေဆီကို လှည့်လာတယ်။ နောက်တစ်လုံးက၊ မြေပြင်ပေါ်ရှပ်ပြီးပျံသွား တာပဲ တွေ့ရတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့်၊ ကျနော်တို့ ဒီ ဒုံးကျည်ဆက်လုပ်လည်းပဲ၊ ကျနော်တို့နိုင်ငံအနေနဲ့က ဘာမှ အကောင်အထည်ပေါ်၊ အောင်မြင်နိုင်မှာ မဟုတ်ဘူး ဆိုတာကို၊ ကျနော်က သုံးသပ်မိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ခုနက ဆရာကြီးပြောတဲ့ မိုင်(၁၀၀)ရှိတဲ့ စက်ပစ်ကွင်းဆိုတာ၊ ဘယ်နားမှာ သွားပြီး၊ သူတို့ လုပ်ထားတာလဲ။

ဦးမြင့်စိုး။ ။ အဲ့ဒါလည်း အဲဒီမြို့နယ်ထဲမှာပဲ။ အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာရဲ ့ အနောက်ဘက် မှာပဲ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ မိုင် (၁၀၀)ဆိုတာ၊ နည်းတာမဟုတ်ဘူး။ အဲ့ဒါ၊ သူတို့ ဘယ်ကနေ ဘယ်အထိ၊ လုပ် ထားတာလဲ။ ဒီ စက်ပစ်ကွင်း၊ စက်ပစ်ကွင်း ဆိုလို့ရှိရင်၊ ဘယ်သူမှ လာလို့ မရဘူးလေ။

ဦးမြင့်စိုး။ ။ အဲဒီ မှာတော့ ရွာသားတွေ ရှိတယ်ခင်ဗျ။ အဲ့ဒီနားက ပတ်ဝန်းကျင်ရွာတွေ၊ ကျည်လွတ်နယ်မြေမဟုတ်တဲ့ နေရာတွေကျတော့၊ ပြောင်းေ့ရွှပေးတယ်။ အဲ့ဒါကိုတော့၊ စင်ကာပူက ကုမ္ပဏီတစ်ခုနဲ့၊ အဲဒီကုမ္ပဏီတစ်ခုကနေ လျော်ကြေးပေးပြီးတော့မှ၊ အဲဒီကျေးရွာသားတွေကို ေ့ရွှခိုင်းပြီးတော့၊ ေ့ရွှခရယ် နောက်ပြီးတော့၊ ဒီ အိမ်အဆောက်အဦးအတွက် သွပ်ပြား၊ နောက်ပြီးတော့ ငွေ(၅၀၀၀)၊ အဲဒါတွေတော့ စင်္ကာပူကနေ လျော်ပေးတာတော့၊ ကျနော်တို့ သိတယ်ခင်ဗျ။ အဲဒါ လျော်ကြေးပေးပြီးတော့မှ၊ အဲဒီ ရွာသားတွေအားလုံးကို နေရာကို ပြောင်းေ့ရွှလိုက်တယ်။ မိုင်(၁၀၀)ကျော်ဆိုတော့၊ ဧက တစ်သိန်း (၁၀၀၀၀၀)ကျော်၊ ကျနော်တို့သိမ်း ရတယ်။ ဘယ်ကနေ စသိမ်းလဲ ဆိုတော့၊ မလွန်ကနေ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နယ်စပ်တွေထိအောင်၊ ကျနော်တို့ သိမ်းရတယ်။ သူတို့နိုင်ငံကအစိုးရနဲ့ ဆက်စပ်မှုတော့ ရှိမယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် တို့၊ အဲဒီကုမ္ပဏီမှာ၊ သူတို့နိုင်ငံ ကနေ ဝယ်ထားတဲ့လက်နက်တွေ၊ 155 (၁၅၅မီလီမီတာ စက်ကြီး)တို့ ပစ္စည်း တွေ၊ အဲလိုလက်နက်မျိုးတွေ ပစ်ခတ်မယ်ဆိုရင်၊ ကျနော်တို့ နိုင်ငံမှာလာပြီး ပစ်ခတ်တယ် စမ်းသပ် တယ်။ သူ တို့ ဗီဒီယိုမှတ်တမ်းတင်တာတွေ၊ သူတို့ အဲဒီမှာ ရှိတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ စင်္ကာပူနိုင်ငံ အတွက်ထုတ်လုပ်တဲ့ လက်နက်ကြီးတွေကိုလည်း၊ ဗမာပြည်က စက်ပစ်ကွင်းမှာလာပြီးတော့၊ စမ်းသပ်ပစ်ခတ်တယ် ဆိုလိုတာလား ဆရာ။

ဦးမြင့်စိုး။ ။ ကျနော်တို့နိုင်ငံထဲကိုလည်းပဲ၊ ၁၅၅ မီလီမီတာရှိတဲ့ အမြောက်တွေ၊ စင်္ကာပူကပဲ သူတို့ ပွဲစားလုပ်ပြီးတော့ ရောင်းတယ်။ ကျနော်တို့နိုင်ငံမှာ လာပြီးတော့လည်း ပစ်ပြတယ်။ အဲဒီဟာ အတွက်လည်း သူတို့ဗီဒီယိုမှတ်တမ်းတင်တွေ၊ လုပ်ပြီးတော့မှ သွားတာ။ အဲဒီ ၁၉၉၃မှာ၊ ကျနော်က ထုံးကြီးကို ပြောင်းတယ်။ အဲဒီအချိန်မှာပဲ၊ ကျနော်တို့တွေ စက်ပြင်ကွင်းကို ကျနော်လိုက်ခဲ့ဖူးတယ်။ စင်္ကာပူက တပ်ကြပ်ကြီး (Sergeant)ကြီးတွေ၊ လာပြီးတော့မှ ပစ်ခတ်သွားတာ၊ ကျနော်တို့ တွေ့ရတယ်။

ဦးရော်နီညိမ်း။ ။အဲဒီ ကပစ(၁၀)မှာ၊ ဆရာကြီး ဘယ်နှစ်ခုနှစ်အထိ၊ တာဝန်ထမ်းဆောင်ခဲ့ပါသလဲ။

ဦးမြင့်စိုး။ ။ ကျနော် အဲဒီကနေ၊ ၁၉၉၆ မှာ၊ ကပစ(၁၂)ကို ကျနော် ပြောင်းရွေ့ခြင်းခံရတဲ့ အတွက်၊ ကပစ(၁၂)ကို တစ်ခါ၊ တပ်တည်ဆောက်ဖို့ လုပ်ငန်းတွေ၊ ကျနော် စပြီး တော့မှ လုပ်ဆောင်ခဲ့ပါတယ်။

ဦးရော်နီညိမ်း။ ။အဲဒီ ကပစ(၁၂)က၊ ဘယ်မှာ တည်ရှိပါသလဲ။

ဦးမြင့်စိုး။ ။ သရက်မြို့အနောက်ဘက် (၁၀)မိုင်အကွာမှာ ရှိပါတယ်ခင်ဗျ။ သရက်-မင်းတုန်း ကား လမ်းမဘေးမှာပါခင်ဗျ။ အဲဒီ ကပစ(၁၂)က၊ လက်နက်ကြီး ကျည်ဆံထုတ်တဲ့ စက်ရုံပါခင်ဗျ။ 120/81/105 အစရှိတဲ့ ကျည်ဆံအမျိုးအစားတွေကို၊ ကျနော်တို ့အဲဒီ ကပစ(၁၂) ကနေလို့၊ ထုတ်ပါတယ်ခင်ဗျ။ ကျနော် တို့လူကြီးတွေ ပြောပြချက်အရပေါ့လေ။ ကျနော့်နားထဲကြားနေတာက၊ သူတို့လူကြီးတွေ အစည်းဝေးထိုင်ရင် ကျနော်လည်း အမြဲတမ်းဝင်ရောက်ပြီးတော့မှ၊ အစည်းဝေးမှတ်တမ်းရေးရတဲ့ အချိန်ကျတော့၊ သူတို့က ဘာ ပြောလဲဆိုတော့၊ သူတို့အချင်းချင်းပြောကြတာ၊ ကျနော်တို့ဒီ ကပစ(၃)ရယ် ကပစ (၆) ရယ်တဲ့၊ အဲဒါ အင်တာနက်ထဲမှာ ပေါ်နေတယ်လို့ပြောလို့၊ အဲဒီဟာကို ကာကွယ်ရေးဦးစီး ချုပ်က တစ်နေရာကိုပြောင်းေ့ရွှဘို့၊ အဲဒီ အကယ်၍၊ ရန်သူက အဲဒီစက်ရုံတွေကို ဝင်ရောက်ပြီးတော့မှ၊ သိမ်းပြီးသွားရင် တစ်နေရာ၊ ကျနော်တို့က ရှိသေးတယ်ဆိုတာမျိုး ဖြစ်အောင်၊ နောက်ထပ်တစ်နေရာကို ပြောင်းလိုက်တာပါ။ ခေတ်မှီနည်းပညာတွေနဲ့ ထုတ်တဲ့အတွက်၊ သူကတော့ ပိုပြီး ထုတ်လုပ်အား ကောင်းတယ်ခင်ဗျ။ တစ်လတစ်လကို၊ ကျည်ဆံကလည်း 120 တစ်မျိုးတည်းကို၊ လေးသောင်း (၄၀၀၀၀)ကျော်၊ ထုတ်တယ်ခင်ဗျ။ အဲဒီလုပ်ငန်းတွေ ဆောင်ရွက်နေချိန် မှာပေါ့။ ကျနော်ရဲ ့ကျန်းမာရေးက ပန်းနာရင်ကျပ်ရောဂါစွဲကပ်လာတယ်။ စွဲကပ်လာတော့၊ ကျနော်က တပ်မှူးကိုပြောပြီးတော့ ဆေးရုံတက်ချင်တယ်လို့၊ ကျနော် ပြောတယ်။ ပြောတော့ တပ်မှူးက၊ “ မင်း ရပါတယ်ကွာ ဘာမ မဖြစ်ပါဘူး မတက်ပါနဲ့ကွာ” တဲ့ ။ “ငါတို့ ဒီမှာလည်း အခက်အခဲတွေ ဖြစ်နေလို့ပါ”ဆိုပြီး ပြောတော့၊ အဲဒါနဲ့ ကျနော်လည်း မတက်ဘဲနေတော့၊ ကျနော့်ရောဂါက တစ်နှစ်တစ်နှစ်၊ တစ်နှစ်နဲ့ဆိုးလာတယ်။ ဒါပေ မယ့် ကျနော်က ဘုံးကနဲ လဲသွားတာမဟုတ်ဘူး။ ပန်းနာရင်ကျပ်က အသက်ရှူကျပ်တဲ့အခါ၊ ကျပ်တယ်။ ကျပ်နေတဲ့အချိန်မှာ၊ ကျနော်က ဆေးလေးဝယ်စားလိုက်တယ်၊ ရှူလိုက်တယ် ဆိုရင်၊ ကျနော်က ပျောက်သွားတယ၊် ဒါပေမယ့် အဲလို နည်းနဲ့ပဲ၊ ကျနော်ဖြေရှင်းတာ ကြာလာတဲ့ အချိန်ကျတော့၊ နောက်ဆုံး မလုပ်နိုင်တဲ့အချိန်မှာ၊ ကျနော် တပ်မှူးကို အတင်းအဓ္ဓမ ပြောတဲ့အချိန်မှာ၊ ကျနော့်ကို မိထ္ထီလာစစ်ဆေးရုံ ကိုလွှတ်တယ်။ မိထ္ထီလာ စစ်ဆေးရုံကိုလွှတ်တော့ (၃)လကြာတယ်။ အဲဒီ(၃)လ ကြာပြီးတော့မှ၊ ကျနော့်ကို ဆေးနား (၃)လ ပေးလိုက် တယ်။ အဲဒီစစ်ဆေးရုံက၊ ပေးလိုက်အချိန်မှာလည်း၊ တပ်ရောက်တဲ့အချိန်မှာ ကျနော် နားခွင့်မရဘူး။ နောက် ဆုံး ကျနော့်ရောဂါက၊ မတရားခံစားလာရတဲ့ အချိန်ကျတော့၊ နောက်ဆုံး ကျနော် မင်္ဂလာဒုံဆေးရုံရောက် တယ်။ ပြည်၊ အရပ်ဖက်ဆေးရုံဆိုလည်း၊ ကျနော် အများကြီးရောက်ပြီးတော့မှ၊ ကျနော်ကုသတယ်။ ဘယ်လိုမှ မရဘူး။ ကျနော် အဲဒါနဲ့ G1 ကလာ တော့၊ G1 ကို ကျနော်တင်ပြတယ်။ ကျနော် တပ်က ထွက်ချင်တယ်လို့။ “ဟေ့ကောင်တဲ့၊ ကပစ မှာတဲ့၊ အရှင်ထွက် ထွက်တဲ့လူ တစ်ယောက်မှ မရှိဘူးတဲ့၊ အသေထွက် ထွက်တာပဲ ရှိတယ်” လို့ပြောတယ်။ အဲဒါနဲ့ကျနော်က၊ တပ်ကို ထွက်စာ တရားဝင်အောင်ဆိုပြီးတော့မှ၊ ကျနော့်နည်း ကျနော့်ဟန်နဲ့ ကျနော် လျှေက်လွှာတင်တယ်။ တပ်ရေးဗိုလ်ကြီးကနေ တဆင့်၊ ကျနော် စက်ရုံမှူးဆီတင်တယ်။ စက်ရုံမှူးကနေ ဒါရိုက်တာကို၊ လူကြီးချင်း သူတို့ ညှိကြတယ်။ အဲဒီတုန်းက ဗိုလ်မှူးကြီးဝင်းကြည်ပါ။ ညှိတဲ့ အချိန်မှာ“ကျနော့်တပ်က Sergeantက၊ ဒီလိုဖြစ်နေတယ်၊ အဲဒါကိုထွက်ခွင့်ပေးပါ”လို့ပြောတော့၊ “ဟေ့ကောင် မင်းတို့ဟာမင်းတို့ အောက်မှာကြည့်ရှင်းကြ”လို့ ပြောတယ်တဲ့။ အဲဒါနဲ့ကျနော်က တပ်မှူးကို၊ ကျနော်သွား မေးတယ်။ “တပ်မှူး၊ ကျနော် ထွက်ချင်တယ်”လို့ သွားပြောတော့၊ သူကလည်း ကျနော့်ကို ဘာမှပြန်လို့ မပြောဘူး။ မပြောတဲ့အခါကျတော့၊ ကျနော်လည်း ပြေးတော့ မယ်လို့ ပြောပြီး၊ ကျနော်လည်း တပ်ကနေလို့၊ ကျနော့်မိသားစုကို မပြီး ကျနော်၊ ကျနော့်ဇာတိက “ယော”မှာ၊ ကျနော် အဲဒီ “ယော”ကို ကျနော်ပြေးလာခဲ့တာ။ အဲဒီမှာ၊ တပ်မှူးက ကျနော် အဲဒီလို တပ်ပြေးဖြစ်သွားတဲ့အချိန်မှာ၊ ကျနော့်ကို လှမ်းပြီးတော့ ပြန်ခေါ်တယ်။ ကျနော်ကတော့၊ တာဝန်ကို မထမ်း ဆောင်ချင်တော့ဘူးလို့ ပြောတဲ့အတွက်၊ သူက “မင်း ဥပဒေဘောင်ထဲ ကနေပြီး လှုပ်ရှားလို့ရအောင်၊ ငါပြန် လာခေါ်တာ” လို့ပြောတယ်။ ဒါပေမယ့် ကျနော်လိုက်သွားလည်းပဲ၊ ဒီအတိုင်းပဲ ဖြစ်မှာပဲဆိုတာ၊ ကျနော်သိတဲ့အတွက်၊ ကျနော် မလိုက်ဘဲနဲ့၊ ကျနော် ဒီအတိုင်းပဲ၊ တပ်ပြေး လုပ် ပစ်လိုက်တယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော်ကြည်း ကာကွယ်ရေးပစ္စည်း စက်ရုံ အမှတ်(၉)၊ အမှတ်(၁၀) နဲ့ အမှတ် (၁၂) တို့မှာ တာဝန်ထမ်းဆောင်ခဲ့သူ၊ တပ်ကြပ်ကြီး စာရေးဟောင်း ဦးမြင့်စိုးရဲ ့ပြောစကား ဒုတိယပိုင်း (နောက်ဆုံးပိုင်း)ကို တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ နောက်သီတင်းပတ်၊ မေလ (၃၀)ရက်နေ့၊ တနင်္ဂနွေနေ့ မနက်ပိုင်း “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့၊ “စည်းလုံးခြင်းရဲ ့အင်အား” အင်တာနက် ဝက်(ဘ်)ဆိုဒ်ပေါ်က၊ ဆောင်းပါးရှင် မြင့်မိုရ် ရဲ ့ “လေတပ်သားတစ်ဦးရဲ ့ ဘဝကောက်ကြောင်း အပိုင်း (၁)” ကို၊ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။