ဆိုမာလီမှာ al-Shabab စစ်သွေးကြွတွေ တိုက်ခိုက်မှုကြောင့် ၃၂ ဦးထက်မနည်း သေဆုံး

Your browser doesn’t support HTML5

ဆိုမာလီနိုင်ငံက မိုဂါဒစ်ရှုးမြို့က လူစည်ကားတဲ့ ကမ်းခြေကို al-Shabab စစ်သွေးကြွတွေ သောကြာနေ့ညက တိုက်ခိုက်တာကြောင့် ၃၂ ယောက်ထက်မနည်း သေဆုံးပြီး ၆၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဆိုမာလီ ရဲတပ်ဖွဲ့ပြောခွင့်ရ ဗိုလ်မှူး Abdifatah Hassan က ပြောပါတယ်။