တောင်အာဖရိကသမ္မတ ကိုဗစ်ကူးစက်ခံရ

တောင်အာဖရိကနိုင်ငံသမ္မတ Cyril Ramaphosa

[[Zawgyi/Unicode]]

တောင်အာဖရိကနိုင်ငံသမ္မတ Cyril Ramaphosa မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်နေတာ တနင်္ဂနွေနေ့က စမ်းသပ် တွေ့ရှိခဲ့ကြောင်းနဲ့ ရောဂါလက္ခဏာဟာ မပြင်းထန်ကြောင်း သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။

အသက် ၆၉ နှစ်အရွယ်သမ္မတဟာ ကွယ်လွန်သူ တောင်အာဖရိက ဒုသမ္မတဟောင်း FW de Klerk ကို ဂုဏ်ပြုတဲ့ Cape Town မြိုက အခမ်းအနားကအပြန် တနင်္ဂနွေနေ့မှာပဲ နေမကောင်းဖြစ်လာခဲ့ကြောင်း သမ္မတရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တောင်အာဖရိကနိုင်ငံမှာ လူနည်းစု လူဖြူအစိုးရရဲ့ အသားအရောင်ခွဲခြားအုပ်ချုပ်မှု အဆုံးသတ်ရေး အဓိက ဦးဆောင် ဆွေးနွေးခဲ့သူ FW de Klerk အတွက် အောက်မေ့ဘွယ် အခမ်းအနားမှာ သမ္မတ Ramaphosa တက်ရောက် ဂုဏ်ပြုစကား ပြောကြားခဲ့တာပါ။

ကာကွယ်ဆေး အပြည့်အဝထိုးထားပြီးဖြစ်တဲ့ သမ္မတဟာ Cape Town မြို့မှာ သီးခြား ခွဲနေထိုင်နေပြီး သမ္မတရဲ့ တာဝန်တွေကို ဒုသမ္မတ David Mabuza ကို ရှေ့သီတင်းပတ်အထိ လွဲပြောင်းပေးထားတယ်လို့ သမ္မတရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိတဲ့ ကူးစက်မြန် Omicron ကိုဗစ်-၁၉ မျိုးကွဲကြောင့် နိုင်ငံအတွင်းမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း တနေ့ကို ရောဂါပိုးကူးစက် သူ ၂၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

တောင်အာဖရိကသမ္မတ ကိုဗစ်ကူးစက်ခံရ

===========

[[Unicode]]

တောငျအာဖရိကသမ်မတ ကိုဗဈကူးစကျခံရ




ကာကှယျဆေး အပွည့ျအဝထိုးထားပွီးဖွဈတဲ့ သမ်မတဟာ Cape Town မွို့မှာ သီးခွား ခှဲနထေိုငျနပွေီး သမ်မတရဲ့ တာဝနျတှကေို ဒုသမ်မတ David Mabuza ကို ရှေ့သီတငျးပတျအထိ လှဲပွောငျးပေးထားတယျလို့ သမ်မတရုံး ကွညောခကြျမှာ ဖောျပွထားပါတယျ။


#Covid19 #SouthAfricaCovid #CyrilRamaphosa #VOABurmese


===========