တောင်ကိုရီးယား လာအို သမ္မတ ၂ ယောက်တွေ့ဆုံ

လာအိုသမ္မတ Choummaly Sayasone (ဝဲ) နှင့် တောင်ကိုရီးယားသမ္မတ Park Geun-hye တို့ တောင်ကိုရီးယားနိုင်ငံ၊ သမ္မတအိမ်တော်မှာ တွေ့ဆုံကြစဉ်။ (နိုဝင်ဘာ ၂၃၊ ၂၀၁၃)

တောင်ကိုရီးယားနဲ့လာအို နှစ်နိုင်ငံကြား ၁၉၉၅ ခုနှစ် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့တဲ့ အချိန်ကတည်းကစလို့ ပထမဆုံးအကြိမ်အဖြစ်နဲ့ လာအိုသမ္မတ Choummaly Sayasone ဟာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေသလို တောင်ကိုရီးယားသမ္မတ ဘက်ဂွန်ဟေး က သူ့ကို ဆိုးလ်မြို့တော်မှာ ဧည့်ခံတွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုးမြှင့်ဖို့ကိစ္စတွေအပါအဝင် နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်ပေါင်းများစွာ ကို သောကြာနေ့က သမ္မတနှစ်ဦး ဆွေးနွေးခဲ့ကြပါတယ်။ လာအိုသမ္မတဟာ သူ့ရဲ့သုံးရက်ကြာ တောင်ကိုရီးယားခရီးစဉ်ကို ကြာသပတေးနေ့က စတင်ခဲ့တာပါ။

လာအိုနိုင်ငံမှာ ကွန်မြူနစ်အစိုးရ အုပ်ချုပ်နေစဉ်အတွင်း နှစ်ပေါင်း ၂၀ လောက် တောင်ကိုရီးယားနဲ့ ဆက်ဆံရေး ပြတ်တောက်နေခဲ့တာဖြစ်ပါတယ်။